Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးထံသို့ တရုတ်-ဖိလစ်ပိုင် သံတမန်အဆက်အသွယ်ထားရှိသည့် (၄၄)နှစ်ပြည့်အထိမ်းအမှတ်နှင့် ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးရရှိသည့် (၁၂၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးထံသို့ တရုတ်-ဖိလစ်ပိုင် သံတမန်အဆက်အသွယ်ထားရှိသည့် (၄၄)နှစ်ပြည့်အထိမ်းအမှတ်နှင့် ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးရရှိသည့် (၁၂၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇွန် ၉ ရက်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ ခဲ့ကြောင်း သိရသည်။

အဆိုပါသဝဏ်လွှာတွင် သမ္မတရှီက သမ္မတဒူတာတေး၏ဦးဆောင်မှုအောက်တွင် ဖိလစ်ပိုင်နိုင်ငံ အဆက်မပြတ်အောင်မြင်မှုသစ်များ ရရှိခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက်ကြောင်း ဖော်ပြထား သည်။ လက်ရှိ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေးသည် တည်ငြိမ်စွာတိုးတက်လျက်ရှိပြီး ကဏ္ဍအသီးသီးတွင်လည်း ပူးပေါင်းဆောင်ရွက်သည့် အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း ၊ ယခုနှစ် ဧပြီလတွင် သမ္မတ ဒူတာတေးသည် တရုတ်နိုင်ငံသို့လာရောက်၍ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့တက်ရောက်ခဲ့ပြီး တရုတ်-ဖိလစ်ပိုင်နှစ်နိုင်ငံ ဆက်ဆံရေး စီမံကိန်းများကို အတူရေးဆွဲခဲ့ကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကို အထူးအလေးထားကြောင်း ၊ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူအများ၏အကျိုးစီးပွားအတွက် သမ္မတ ဒူတာတေးနှင့်အတူ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခြေလှမ်းသစ်တစ်ရပ် ကို ရှေ့တိုးလျှောက်လှမ်းရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။(Xinhua)