Politics, Law & Military
အိန္ဒိယ နိုင်ငံ သို့ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှင့် အိန္ဒိယ နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေး
နယူးဒေလီ ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယ နိုင်ငံ သမ္မတ Ram Nath Kovind နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ဒီဇင်ဘာ ၁၁ ရက်နေ့၌ နယူးဒေလီ မြို့ရှိ အိန္ဒိယ နိုင်ငံ သမ္မတ ရုံးတွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးမှု အတွင်း အိန္ဒိယ နိုင်ငံ သမ္မတ က အိန္ဒိယ-တရုတ် နှစ်နိုင်ငံ သည် အရေးပါသည့် အိမ်နီးချင်း မိတ်ဆွေ နိုင်ငံများ ဖြစ်ကြပြီး နှစ်နိုင်ငံ ၏ ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန် အကျိုးဖြစ်ထွန်းစေကာ ဒေသတွင်း နှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းမှုကြောင့် လတ်တလော နှစ်ပိုင်းတွင် နှစ်နိုင်ငံ အနေဖြင့် အဆင့်မြင့် အရာရှိ အနီးကပ် ဆက်ဆံရေး ကို ထားရှိနိုင်ခဲ့ပြီး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင်လည်း အဆက်မပြတ် တိုးမြှင့်နိုင်ခဲ့ကာ ဒေသတွင်း နှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်မှုများ ထားရှိနိုင်ခဲ့ကြောင်း ၊ အိန္ဒိယ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အပြန်အလှန် နားလည်ယုံကြည်မှု ကို တိုးမြှင့်သွားလိုပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ကာ နှစ်နိုင်ငံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ကို ဖွံ့ဖြိုးတိုးတက်မှုများ အဆက်မပြတ် ရရှိရန် ဆောင်ရွက်သွား လိုကြောင်း ပြောကြား ခဲ့သည်။
ဝမ်ရိ က တရုတ်-အိန္ဒိယ နှစ်နိုင်ငံ သည် သမိုင်းကြောင်းရှည်လျားသည့် ယဉ်ကျေးမှုများ တည်ရှိသည့် ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံကြီးများ ဖြစ်ကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် အချိန်ကာလ သို့ ရောက်ရှိနေပြီး ဘက်မလိုက်သည့် မူဝါဒကို ခိုင်မြဲစွာ ရပ်တည်ကာ ဒီမိုကရေစီ ပုံစံ နိုင်ငံတကာ ဆက်ဆံရေး ကို ဆောင်ရွက်ကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကျယ်ပြန့်သည့် ဘုံအကျိုးစီးပွား နှင့် သဘောထား ရပ်တည်မှု တည်ရှိကြပြီး ပူးပေါင်းဆောင်ရွက်မှု အလားအလာ လွန်စွာ ကြီးမား ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် မဟာဗျူဟာ ချိတ်ဆက်ဆွေးနွေးမှု ကို ထားရှိပြီး မဟာဗျူဟာအရ စိုးရိမ်မှု ကို ချေဖျက်ကာ အပြန်အလှန် နားလည်ထောက်ခံမှု ကို တိုးမြှင့် နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းစေကာ နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေး ကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)