Connect with us

Politics, Law & Military

ရှီကျင့်ဖိန်၏ သံခင်းတမန်ခင်းပုံစံက တရုတ်နိုင်ငံကို ကမ္ဘာကြီး နှင့် ပိုမိုနီးကပ်စေခဲ့သည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း နိုင်ငံရပ်ခြားတိုင်းပြည်များသို့သွားရောက်ခဲ့သည့် ခရီးစဉ်များသည် တရုတ်ပုံစံ အဓိက သံတမန်ဆက်ဆံရေး အခင်းအကျင်းတစ်ခုကို ပုံသွင်းဖော်ဆောင်ခဲ့ပြီးဖြစ်သည်။

ရှီသည် ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ “ သံတမန်အကြီးအကဲ” ဟူသော ခေါင်းစဉ်ဖြင့် ပြည်ပ ခရီးစဉ်ပေါင်း ၂၉ ခုကို သွားရောက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၅၈ နိုင်ငံ ၊ အဓိကနိုင်ငံတကာအဖွဲ့အစည်းများ နှင့် ဒေသတွင်း အဖွဲ့အစည်းများကို လည်ပတ်ခဲ့သည်။

အဆိုပါခရီးစဉ်များက ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး ၊လုံခြုံရေး ၊ စီမံအုပ်ချုပ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် တရုတ်နိုင်ငံအား ခေါင်းဆောင်မှု အခန်းကဏ္ဍသို့တိုးမြှင့်ရောက်ရှိစေခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်အပေါ် ကမ္ဘာတစ်ဝန်းလုံးပိုမိုကောင်းမွန်သော နားလည်မှု နှင့် win-win ပူးပေါင်းဆောင်ရွက်မှု ၊ ပိုမိုလူသားဆန်မှု ပါအဝင် အနာဂတ်လူမှုအသိုက်အဝန်း တစ်ခုတည်ဆောက်ရန် အားထုတ်မှုတို့ပါဝင်သော တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုတို့ကို မြှင့်တင်ပေးခဲ့သည်။

Win-Win နိုင်ငံတကာဆက်ဆံရေးများ

ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသမ္မတဖြစ်လာပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့၂ဝ၁၃ ခုနှစ် မတ်လတွင် သွားရောက်ခြင်းဖြင့် ၎င်း၏ သံတမန်ဆက်ဆံရေး ချဉ်းကပ်မှု ပုံစံကို ဦးစွာ ထုတ်ဖော်ပြသခဲ့သည်။

“ ၂၁ ရာစုထဲမှာ ကျွနု်ပ် တို့ချည်းပဲ သီးသန့် ရုပ်ပိုင်းဆိုင်ရာနေထိုင်မှုပုံစံသက်သက်နဲ့မရပါဘူး။ဒါပေမယ့် စစ်အေးတိုက်ပွဲအခင်းအကျင်းတွေ နဲ့ ကိုလိုနီခေတ် နှောင်းအတိတ်နေ့ရက်တွေကိုပါ သိနားလည်တဲ့ စိတ်ဓာတ်မျိုး ရှိရမှာပါ” ဟု မော်စကိုမြို့ နိုင်ငံတကာဆက်ဆံရေးသိပ္ပံ၌ မိန့်ခွန်းပြောကြားစဉ် ရှီကျင့်ဖိန်က ထည့်သွင်းပြောကြားခဲ့သည်။ သူနိုင်ကိုယ်နိုင်ဆက်ဆံရေး(win-win Relations) နှင့် အတူ နိုင်ငံတကာဆက်ဆံရေး အခင်းအကျင်းအသစ်တစ်ခုကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

ရှီသည် ရုရှားနိုင်ငံသို့၆ ကြိမ်တိတိသွားရောက်လည်ပတ်ခဲ့ပြီး ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် အစည်းအဝေးပေါင်း ၂ဝ ကျော် ပြုလုပ်ခဲ့သည်။ထိုသို့တွေ့ဆုံစဉ် သမိုင်းတစ်ခတ်တွင် အကောင်းဆုံးပုံစံဖြင့် တရုတ်-ရုရှား နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် တရုတ်-ရုရှား နှစ်နိုင်ငံသည် ကျောက်ဆူးတစ်လက်ကဲ့သို့အတူတကွ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည်။

“ ၂၁ ရာစုမှာ နိုင်ငံတွေအကြား လူသားအချင်းချင်းအပြန်အလှန်ဆက်ဆံမှု စံနမူကောင်းတစ်ခု ဖြစ်အောင် ဖန်တီးရမှာဖြစ်သလို ခေတ်သစ်နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးကို ကျွန်တော့်အနေနဲ့ယုံကြည်ပါတယ်” ဟု ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က ဆိုသည်။

အမေရိကန်အိမ်ဖြူတော်ခေါင်းဆောင် အပြောင်းအလဲများ နှင့် မရေရာမှု အကျိုးဆက်များ ကျော်လွန်ပြီးနောက်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်အောင် ထိန်းသိမ်းရန် win-win ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်လေးစားမှု ၊ ထိတ်တိုက်ရင်ဆိုင်မှု မပြုခြင်း ၊ ပဋိပက္ခမရှိခြင်း တို့ကို ရှေးရှုလုပ်ဆောင်ရေးမှာ သမ္မတရှီကျင့်ဖိန်၏ မူဝါဒစည်းများဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို မြှင့်တင်ရန် တရုတ် နှင့် အမေရိကန် နိုင်ငံတို့အကြား အဆင့်မြင့်ကိုယ်စားလှယ်အဆင့် ဆွေးနွေးရေး ယန္တယားများ အသစ် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဦးဆောင်ဦးရွက်ပြုရန် သမ္မတရှီသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့သည်။

သမ္မတရှီ၏ ဥရောပတိုက်ခရီးစဉ်တစ်ခုချင်းစီက တရုတ်-ဥရောပ ဆက်ဆံရေးတိုးချဲ့ရန်ဖြစ်ခဲ့သည်။တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂကို အခြေပြု၍ မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ကာ တရုတ်-ဥရောပ နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း၏ နှစ်ဖက်အကျိုးရလဒ်များ ၊ ပြုပြင်ပြောင်းလဲမှု ၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် ငြိမ်းချမ်းရေး တို့အတွက် ဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံသည် အလယ်ပိုင်း နှင့် အရှေ့ဥရောပ နိုင်ငံများနှင့် ဆက်ဆံရေးအထူးကောင်းမွန်အောင် တည်ဆောက်ခဲ့ပြီး တရုတ်နိုင်ငံနှင့်ပတ်သက်၍ ဥရောပသားတို့၏ စိုးရိမ်ပူပန်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ချေဖျက် နိုင်ခဲ့သည်။

ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း သမ္မတရှီကျင့်ဖိန်၏ ပြည်ပခရီးစဉ် ထက်ဝက်သည် ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယ – မြန်မာ စီးပွားရေးစြင်္ကံ တည်ဆောက်ခြင်း နှင့် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို မြှင့်တင်ခြင်း ၊ လန်ချန်-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု Lancang-Mekong အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် တို့အပါအဝင် ရည်ရွယ်၍ အိမ်နီးချင်းနိုင်ငံများသို့သွားရောက်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အာဖရိက နှင့် လက်တင်အမေရိက နိုင်ငံများဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းနှင့်အတူ ယင်းဒေသများတွင် ဖွံ့ဖြိုးရေး စီမံကိန်းများ နှင့် အခြေခံအဆောက်အအုံ များစွာတို့ကို တရုတ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုဖြင့် တည်ဆောက်ခဲ့သည်။

နိုင်ငံပေါင်းစုံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး

နိုင်ငံပေါင်းစုံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဗဟိုမဏ္ဍိုင်ပြု၍ လူသားဆန်မှုအတွက် အနာဂတ်ဝေမျှခြင်း နှင့်အတူ လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် သမ္မတရှီက အဆိုပြုခဲ့သည်။ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း နိုင်ငံတကာအဖွဲ့အစည်းများ ၊ ဒေသတွင်း နှင့် နိုင်ငံတစ်နိုင်ငံချင်းစီတွင် တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်းကြိုးပမ်းအားထုတ်မှုကို ထွန်းလင်းတောက်ပစေသည့် အဆိုပြုချက်ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ ၊ ဒါဗို့စ်မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) ၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေးစသည်တို့မှ G20 ထိပ်သီးအစည်းအဝေး နှင့် တောင်အာဖရိက ၊ တရုတ် ၊ အိန္ဒိယ ၊ ရုရှား နှင့် ဘရာဇီ နိုင်ငံများပါဝင်သော BRICS ထိပ်သီးဆွေးနွေးပွဲ စသည့်အခမ်းအနားများ အပါအဝင် ကုလသမဂ္ဂဦးဆောင်သော နိုင်ငံပေါင်းစုံအကျိုးတူပူးပေါင်းဆောင်ရွက်မှု နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ကမ္ဘာ့စီးပွားရေးဆိုင်ရာ အရေးကိစ္စရပ်များတွင် ပြောကြားခဲ့သော တရုတ်နိုင်ငံ၏ ကတိကဝတ်များကို အတည်ပြုကြောင်း သမ္မတရှီကျင့်ဖိန်က ထပ်လောင်းပြောကြားခဲ့သည်။

ဆင်းရဲချမ်းသာကွာဟချက်မြင့်မားလာမှု ၊ ဥရောပ နှင့် အရှေ့အလယ်ပိုင်း ဒုက္ခသည် အကျပ်အတည်း ၊ အကြမ်းဖက်မှု ၊ လူကြိုက်များရေး မူဝါဒ နှင့် အထီကျန်စွာနေထိုင်ရေးမူဝါဒ ၊ ကုန်သွယ်ရေးတွင် ကိုယ်ကျိုးစီးပွားရေးကာကွယ်ရေးဝါဒ မြင့်တက်လာမှု ၊ အလုပ်လက်မဲ့ဦးရေမြင့်တက်လာမှု ၊ ကမ္ဘာ့စီးပွားရေး နှေးကွေးလာမှုများအတွက် ကမ္ဘာလုံးလွှမ်းခြုံမှု စနစ်အပေါ်တွင် မှားယွင်းစွာ ပြစ်တင်မှု ပြုလုပ်ခဲ့သည်။

“ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလွှမ်းခြုံမှုရဲ့ အခွင့်အရေးတွေ နဲ့ စိန်ခေါ်မှုတွေကို ၂ ခုစလုံး ကြုံတွေ့နေရတယ်။ မှန်ကန်စွာလုပ်ရမှာက ရရှိလာတဲ့အခွင့်အရေးတိုင်းကို ပိုင်နိုင်စွာ ဆုပ်ကိုင်ဖို့၊ ကမ္ဘာ့စီးပွားရေးလွှမ်းခြုံမှုအတွက် မှန်ကန်တဲ့ နည်းလမ်းနဲ့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ပူးပေါင်း လုပ်ဆောင်ဖို့ပါပဲ ” ဟု ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ဖွင့်ပွဲ အဖွင့်မိန့်ခွန်းတွင် သမ္မတရှီကျင့်ဖိန်က ထည့်သွင်းပြောကြားခဲ့သည်။

တီထွင်ဆန်းသစ်မှုတိုးတက်လာစေရန် ၊ ပွင့်လင်းမြင်သာပြီး win-win ပူးပေါင်းဆောင်ရွက်ရန် ၊ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို ရှေးရှုကာ အလုံးစုံဖွံ့ဖြိုးတိုးတက်ခြင်း နှင့် ဟန်ချက်ညီခြင်း အပါအဝင် အစိုးရအုပ်ချုပ်ပုံယန္တယား မျှတစေရန် ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။နိုင်ငံပေါင်းစုံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးသည် ကမ္ဘာ့ပြသာနာရပ်များအတွက် ဖြေရှင်းစရာနည်းလမ်းတစ်ခုဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံသည် ၎င်းအတွက် ခိုင်မာစွာ ထောင့်တိုင်တစ်ခု အဖြစ်ရပ်တည်ခဲ့ပြီးဖြစ်ကြောင်း ရှီက ဆိုသည်။

လူသားဆန်းမှုအတွက် အနာဂတ်မျှဝေခြင်း နှင့်အတူ အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်ခြင်းကို ၂ဝ၁၃ ခုနှစ်တွင် စတင် အဆိုပြုခဲ့သည်။ ၎င်းမှာ ရှေးဟောင်းပိုးလမ်းမ ကုန်သွယ်ရေးလမ်းကြောင်းများ အနီးတစ်ဝိုက် နှင့် လမ်းတစ်လျှောက်ရှိ နိုင်ငံများတွင် ကုန်သွယ်ရေး နှင့် အခြေခံအဆောက်အအုံ ကွန်ရက် တည်ဆောက်ရေး ရည်မှန်းချက်များ ပါဝင်ခဲ့သည်။

ထိုထက်ပို၍ အာရှ ၊ အာဖရိက တိုက်များ အတွင်းရှိ နိုင်ငံပေါင်းများစွာ၏ ဖွံ့ဖြိုးရေးမဟာဗျူဟာများ စီမံကိန်းထဲတွင် ရထားလမ်းသစ်များ ၊ ကားလမ်းမများ နှင့် စက်မှုဇုန်များကို ဖော်ဆောင်ခြင်းနှင့်အတူ ကုလသမဂ္ဂ၏ ၂ဝ၃ဝ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ကို လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ ခေတ်သစ်ပိုးလမ်းကြီးစီမံကိန်းသည် ကမ္ဘာကြီးအတွက် တရုတ်နိုင်ငံက ပေးအပ်သော အလွန်ကြီးမားသည့် လက်ဆောင်မွန် တစ်ခုဖြစ်သည်။

“ win-win အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ၊ အားလုံးပါဝင်မှု ၊ ပွင့်လင်းမြင်သာမှု ၊ အကျိုးအမြတ်များ မျှဝေမှု လူမှုအသိုက်အဝန်း မှတဆင့် ကမ္ဘာ့နိုင်ငံများ၏ လွတ်လပ်မှု နှင့် ဖွံ့ဖြိုးမှုကို တွန်းအားပေးခြင်းသည် တစ်ခုတည်းသော ရှင်သန်နေရေး အမြင်ဖြစ်ပါတယ် ” ဟု ရှီက တရုတ်နိုင်ငံ ရှီအန်းမြို့၌ စက်တင်ဘာလက ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးအတွင်း ဈေးကွက်ပေါ်ထွက်လာရေး နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

“နိုင်ငံပေါင်းစုံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးသည် ကမ္ဘာ့ပြသနာရပ်များကို ဖြေရှင်းရန် နည်းလမ်းဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံပေါင်းစုံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွင် ခိုင်မာသော မဏ္ဍိုင်တစ်ရပ်အဖြစ် ရပ်တည်ခဲ့ပြီးဖြစ်သည်” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။ ယခင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာဘန်ကီမွန်းကလည်း “ တရုတ်နိုင်ငံဟာ ကုလသမဂ္ဂရဲ့ အစီအစဉ်တွေအတွက် အငြင်းပွားဖွယ် မရှိလိုအပ်သော မိတ်ဖက်နိုင်ငံတစ်နိုင်ငံပါပဲ” ဟု ပြောဆိုခဲ့ဖူးသည်။

အမေရိကန်နိုင်ငံကထွက်ခွာသွားခဲ့ပြီးနောက်တွင် ပဲရစ်ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီချက်ကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းမှုကို ထိန်းသိမ်းရေးကြိုးပမ်းမှုအဖြစ် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွင် တရုတ်နိုင်ငံက အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.