Connect with us

Politics, Law & Military

ဥပဒေအလွဲသုံး ခုံသမာဓိအဖွဲ့မှ အခြေအမြစ်မရှိသည့် တောင်တရုတ် ပင်လယ်ဆိုင်ရာ စီရင်ချက်ထုတ်ပြန်

တောင်တရုတ်ပင်လယ် တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

သည်ဟိတ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ယခင် ဖိလစ်ပိုင် အစိုးရအဖွဲ့မှ တစ်ဖက်သတ် စတင်ခဲ့သည် တောင်တရုတ် ပင်လယ်အရေး စီရင်မှုအား ခုံသမာဓိအဖွဲ့မှ စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိသည့်အတွက် ၎င်း၏ဆုံးဖြတ်ချက်သည် ဥပဒေအကြောင်းအရာ တရားမဝင် ပျက်ပြယ်ကြောင်းနှင့် ဟာကွက်ရှိနေကြောင်း ကမ္ဘာအနှံ့မှ ပြောကြားနေသည့်ကြားမှ ၎င်းအဖွဲ့၏ စီရင်ဆုံးဖြတ်ချက် ထွက်ရှိလာခဲ့သည်။

ခုံသမာဓိ အဖွဲ့ဝင် ၅ ဦး၏ ဆုံးဖြတ်ချက်အား အကျဉ်းချုပ် ထုတ်ပြန်ထားသည့် စာမျက်နှာ ၄၇၉ မျက်နှာပါရှိ သော စီရင်ဆုံးဖြတ်ချက် နှင့်အတူ ပါရှိသည့် သတင်းထုတ်ပြန်ချက်တွင် ဖိလစ်ပိုင် သမ္မတဟောင်း ဘီနစ်နို အက်စ်. အကွီနို(၃) (Benigno S. Aquino III) အစိုးရက တင်ပြခဲ့သော တောင်းဆိုမှုများဘက်မှ ရပ်တည်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ အနေဖြင့်လည်း ယခုအမှုသည် ပင်လယ်ရေပြင် နယ်နိမိတ် သတ်မှတ်ခြင်း နှင့် နယ်မြေအချုပ်အခြာ အာဏာပိုင်ဆိုင်မှု နှင့် ဆက်စပ်နေသောကြောင့် ခုံသမာဓိအဖွဲ့ အနေဖြင့် စီရင်ပိုင်ခွင့်မရှိကြောင်း အကြိမ်ကြိမ်ပြောကြားထားပြီး ယခုစီရင်မှုတွင် ပါဝင်ရန် ငြင်းဆိုထားသည်။
ယခု ဆုံးဖြတ်ချက်သည် ဥပဒေအကြောင်းအရာ တရားမဝင် ပျက်ပြယ်ကြောင်း နှင့် ဟာကွက်ရှိနေသကဲ့သို့ ဥပဒေဆိုင်ရာ စည်းနှောင်မှုအား မရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် လက်မခံနိုင်သလို အသိအမှတ်လည်း မပြုနိုင်ကြောင်းကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား ကြေညာပါကြောင်း အဆိုပါ ဆုံးဖြတ်ချက် ထွက်လာပြီး မကြာမီ ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းပေါင်း ၆၀ ကျော်နှင့်် ပြည်ပ နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်း ပေါင်း ၁၃၀ ကျော်တို့မှ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ထောက်ခံခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.