Connect with us

Politics, Law & Military

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ ဖွင့်ပွဲကို အောက်တိုဘာ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ပြုလုပ်မည်

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံ ၏ သတင်းပြန်ကြားရေး စင်တာ အား တွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံ ဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံပေကျင်းမြို့ရှိ Great Hall ခန်းမတွင် အောက်တိုဘာ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၆ ရက်) တွင်ထုတ်ပြန်သည့် ညီလာခံကျင်းပရေး မီဒီယာစင်တာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖွင့်ပွဲအခမ်းအနားကို China Central ရုပ်မြင်သံကြားအစီအစဉ်မှ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ တရုတ်နိုင်ငံတစ်ဝန်းလုံးရှိ ကိုယ်စားလှယ်ပေါင်း ၂၂၈၇ ဦးသည် ညီလာခံသို့တက်ရောက်လာကြမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံကို ၅ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ၎င်းညီလာခံမှ ခေါင်းဆောင်သစ်များရွေးချယ်ခြင်း ၊ လာမည့် ၅ နှစ်တာကာလအတွက် နိုင်ငံဖွံ့ဖြိုးုတိုးတက်ရေး အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)