Politics, Law & Military
၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံသို့ကမ္ဘာ့ခေါင်းဆောင်များ သဝဏ်လွှာပေးပို့

ပေကျင်း ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)
ကျင်းပဆဲ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံသို့ကမ္ဘာ့ခေါင်းဆောင်များ ၊ နိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းများမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါသဝဏ်လွှာများထဲတွင် CPC ၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ကမ္ဘာ့အရေးအရာများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း နှင့် CPC ၏ ဦးဆောင်မှုကြောင့် တရုတ်နိုင်ငံ၏ အကျိုစီးပွားသည် ပိုမိုတိုးတက်လာလိမ့်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ဖော်ပြပါရှိသည်။၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးထင်ကျော်မှလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ကြောင်း သိရသည်။(Xinhua)