Connect with us

Politics, Law & Military

တရုတ်၊ ဂျပန် ဆက်ဆံရေး တိုးတက်ရန် CPC တာဝန်ရှိသူ တိုက်တွန်း

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်သော တရုတ် ကွန်မြူနစ်ပါတီ၏ (CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ၏ (CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံ ကျင်းပနေစဉ် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်ပြီး တိုးတက်မှုရှိစေရန်အတွက် CPC တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

“တရုတ်-ဂျပန် ဆက်ဆံရေးဟာ အခွင့်အလမ်းသစ်တွေနဲ့ ကြုံတွေ့နေရသလို စိန်ခေါ်မှုတွေလဲ ကျန်ရှိနေပါသေးတယ်” ဟု CPC ဗဟို ကော်မတီ၊ နိုင်ငံတကာဋ္ဌာန ဒုတိယ ဝန်ကြီး Guo Yezhou က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လာမည့်နှစ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ရန် စီစဉ်ထားခြင်းနှင့် ပတ်သက်သည့် မေးမြန်ချက်အပေါ် ဖြေကြားရာတွင် ယင်း ချစ်ကြည်ရေး ခရီးစဉ်များသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလွန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

“သို့သော် နှစ်နိုင်ငံ အဆင့်မြင့် အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်တွေက ပြည်သူများ၏ ထောက်ပံ့ပေးမှုနဲ့ နားလည်ပေးမှုတွေ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်” ဟု Guo က ပြောကြားခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကောင်းမွန်သော အခြေအနေများ ဖန်တီးပြီး ပတ်ဝန်းကျင်ကောင်းများကို ပျိုးထောင်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)