Connect with us

Politics, Law & Military

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်ပြီစီး

၁၈ ကြိမ်မြောက် CPC အမျိုးသားညီလာခံ ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ် ၂၂၈၇ ဦး ရွေးချယ်ထားကြောင်း စက်တင်ဘာလ ၂၉ ရက်တွင် တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံအား အောက်တိုဘာလ ၁၈ ရက်တွင် စတင် ကျင်းပမည် ဖြစ်သည်။ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များအနေဖြင့် အမျိုးသား ညီလာခံ တက်ရောက်ရန် နောက်ဆုံးခွင့်ပြုချက် ရရှိရန်အတွက် အရည်အချင်းစစ်ဆေးမှု တစ်ရပ် လိုအပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကိုယ်စားလှယ်များကို ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် CPC ဗဟို ကော်မတီ သတ်မှတ်ချက်များ အတိုင်း ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်စားလှယ်များအား နိုင်ငံရေးသဘောတရားချင်း ကိုက်ညီပြီး နိုင်ငံရေးအရ အရည်အချင်း ပြည့်ဝသော၊ ကောင်းမွန်သည့် အလုပ်တာဝန်နှင့် လူမှုဘဝပိုင်ဆိုင်သော၊ ပြည်နယ်ရေးရာများတွင် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သော၊ ၎င်းတို့၏ လုပ်ငန်းတာဝန်များတွင် ထူးခြားပြောင်မြောက်ပြီး အောင်မြင်မှုများ ရရှိထားသော ထူးချွန်သည့် CPC အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကိုယ်စားလှယ်များတွင် ပါတီ ခေါင်းဆောင်များသာမကဘဲ ကုန်ထုတ်လုပ်မှုနှင့် စက်ရုံအလုပ်ရုံ၊ လူနည်းစု လူမျိုးစုအဖွဲ့များ၊ အမျိုးသမီး အဖွဲ့ဝင်များ စသော ရှေ့တန်းရောက် CPC အဖွဲ့ဝင်များလည်း ပါဝင်သလို စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ၊ နိုင်ငံတော် ကာကွယ်ရေး၊ နိုင်ငံရေးနှင့် တရားရေးကဏ္ဍ၊ ပညာရေး၊ ပြည်သူ့ရေးရာ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အားကစားနှင့် လူမှုရေး စီမံခန့်ခွဲမှု စသည့် ကဏ္ဍစုံမှ ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်ခံရသော ကိုယ်စားလှယ်များသည် CPC အဖွဲ့ဝင် ၈၉ သန်းကျော်၏ ယုံကြည်မှုနှင့် လူမျိုးစုအဖွဲ့များ အားလုံးမှ ပြည်သူများ၏ မျှော်လင့်ချက်များအား သယ်ဆောင်လာခြင်း ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်တွင် ထုတ်ဝေခဲ့သော People’s Daily ၏ အယ်ဒီတာ့ အာဘော်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.