Connect with us

Politics, Law & Military

တရုတ်နန်းတော်ပြတိုက် ဝင်ခွင့်လက်မှတ်အားလုံးကို အွန်လိုင်းပေါ်မှ ရောင်းချပေး


ပေကျင်း ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နန်းတော်ပြတိုက် ဝင်ခွင့်လက်မှတ် စောင်ရေ ၈ဝဝဝဝ ကို အောက်တိုဘာလ ၂ ရက်တွင် အွန်လိုင်းပေါ်မှတဆင့် ရောင်းချပေးခဲ့ရာ အချိန် ၂ နာရီအတွင်း လက်မှတ်အားလုံး ရောင်းကုန်သွားကြောင်း သိရသည်။

တားမြစ်မြို့တော် ဟု ကျော်ကြားသည့် နန်းတော်ပြတိုက် ဝင်ခွင့်လက်မှတ်များကို ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းစနစ် သက်သက်ဖြင့် ရောင်းချပေးခဲ့ရခြင်းဖြစ်ကြောင်း ပြတိုက် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

တားမြစ်မြို့တော် ဝင်ခွင့်ကြိုတင်လက်မှတ် အွန်လိုင်းပေါ်မှ တဆင့်ရောင်းချခြင်းကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က စတင် ဆောင်ရွက်ပေးခဲ့သော်လည်း ထိုစဉ်က လက်မှတ်စောင်ရေ ၂၈၇ စောင်သာ ရောင်းချခဲ့ရသည်။ ယခုနှစ် သြဂုတ်လတွင် အွန်လိုင်းပေါ်မှတဆင့် ကြိုတင်ဝယ်ယူသော စနစ်ဖြင့် လက်မှတ်စောင်ရေ ၇၇ ခိုင်နှုန်းအထိ ရောင်းချခဲ့ရသည်။

တရုတ်နိုင်ငံ၏ တားမြစ်မြို့တော် နန်းတော်ကြီး အားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ တားမြစ်မြို့တော် နန်းတော်ကြီး အားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ တားမြစ်မြို့တော် နန်းတော်ကြီး အားတွေ့ရစဉ်(ဆင်ဟွာ)

ကောက်ခံရရှိထားသော အချက်အလက်များပေါ် အခြေခံ၍ လာမည့် နှစ်တွင် ဝင်ခွင့် လက်မှတ်များ ရောင်းချပေးခြင်းကို တစ်ရက်တာအတွင်း အချိန်အပိုင်းအခြားအမျိုးမျိုးဖြင့် ကန့်သတ်လုပ်ဆောင်သွားရန် ပြတိုက်ဖက်က စီစဉ်နေကြောင်း ၊ ထိုသို့ပြုလုပ်ခြင်းဖြင့် လူအများစုပြုံပြီး လက်မှတ်ဝယ်ယူခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ပြတိုက်တာဝန်ရှိသူ တစ်ဦးဖြစ်သည့် Shan Jixiang ကပြောကြားခဲ့သည်။

ပြတိုက်အတွင်း ဧည့်သည် အလွန်အကျွံ ဝင်ရောက်မှုကို တားဆီးရန်အတွက် ၂ဝ၁၅ ခုနှစ် ဇွန်လတွင် တစ်ရက်လျင် ဧည့်သည် ၈ဝဝဝဝ ဦးသာ ဝင်ရောက်ခွင့်ပြုသည့် ကန့်သတ်ချက်ကို စတင်ပြုလုပ်ခဲ့သည်။

၂ဝ၁၂ ခုနှစ်မှစတင်ကာ နန်းတော်ပြတိုက်သို့တစ်နှစ်လျင် လာရောက်လည်ပတ်သူပေါင်း ၁၅ သန်းကျော်ထိ ရှိခဲ့ပြီး ၊ ၂ဝ၁၆ ခုနှစ်တွင် နန်းတော်သို့လာရောက်လည်ပတ်သော ဧည့်သည်အရေအတွက်မှာ ၁၆ သန်းအထိ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.