Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ၆၈ နှစ်မြောက် အမျိုးသားနေ့ ကျင်းပ


ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ယနေ့ (အောက်တိုဘာလ ၁ ရက်) တွင် ကျရောက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၆၈ နှစ်မြောက် အမျိုးသားနေ့တွင် မြို့တော် ပေကျင်းရှိ ထျန်းအန်းမင်ရင်ပြင်သို့ နိုင်ငံတစ်ဝန်းမှ ပြည်သူ ၁၁၅,၀၀၀ ကျော် ရောက်ရှိကာ နိုင်ငံတော်အလံ လွှင့်တင်ခြင်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် နံနက် ၆း၀၅ နာရီတွင် နိုင်ငံတော်အလံအား လုံခြုံရေး အစောင့်အရှောက်များ ခြံရံကာ ရင်ပြင်သို့ သယ်ဆောင်လာခဲ့သည်။ နိုင်ငံတော် သီချင်း တီးခတ်နေစဉ်တွင် လူထုကြီးက ငြိမ်သက်စွာ မတ်တပ်ရပ်နေခဲ့ပြီး ကြယ်ငါးပွင့်ပါရှိသော နိုင်ငံတော် အလံအား လွှင့်တင်ခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သော တရုတ်နိုင်ငံ အမျိုးသားနေ့ ကျင်းပသည့် မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သော တရုတ်နိုင်ငံ အမျိုးသားနေ့ ကျင်းပသည့် မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်တည်သီးများ၊ သလဲသီးများ၊ ပန်းသီးများ၊ ပိုနီပန်းများနှင့် တရုတ်နှင်းဆီပန်းများဖြင့် အလှဆင်ထားသည့် ၁၇ မီတာ ရှည်သော ဧရာမပန်းခြင်းပုံတစ်ခုကို နောက်ခံတွင် ခင်းကျင်းပြသထားသည်။တရုတ်နိုင်ငံတွင် အမျိုးသားနေ့အား ရက်သတ္တပတ် တစ်ပတ်ကြာ အားလပ်ရက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး မိသားစုများ ဆုံစည်းကြသည့် တရုတ် ရိုးရာ လမုန့်ပွဲတော်သည်လည်း ယခုနှစ်တွင် အောက်တိုဘာလ ၄ ရက်တွင် ကျရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117