Politics, Law & Military
၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံ၌ အောက်ခြေကိုယ်စားလှယ်များ ပိုမိုတက်ရောက်ရန်ရှိ
ပေကျင်း ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းကြောင်းသစ်ဖောက်လုပ်ရန်မျှော်လင့်ပြီး ၅ နှစ် တစ်ကြိမ် ကျင်းပမြဲဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံကို ယခုလအတွင်း ကျင်းပမည်ဖြစ်သည်။
ယခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပေကျင်းမြို့၌ ကျင်းပမည့် ညီလာခံအခမ်းအနားသို့တက်ရောက်ရန် ကိုယ်စားလှယ်ပေါင်း ၂၂၈၇ ဦးကို ရွေးချယ်ထားကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်များထဲတွင် အဆင့်မြင့်အစိုးရ အရာရှိများ ၊ ပါတီခေါင်းဆောင်များ နှင့် စစ်တပ်ခေါင်းဆောင်များ အပါအဝင် ကုန်ထုတ်လုပ်မှု နှင့် စက်ရုံအလုပ်ရုံ များမှ အလုပ်သမားများ ၊လယ်သမားများ ၊ နည်းပညာရှင်များ ၊ သူနာပြုများ နှင့် ကျောင်းဆရာများ စသည့် အောက်ခြေပါတီဝင် အဆင့်ထိ တက်ရောက်ကြမည်ဖြစ်သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော CPC ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံ၌ အလုပ်သမားကိုယ်စားလှယ် ပါဝင်မှုကို ညီလာခံကိုယ်စားလှယ်အားလုံး၏ သုံးပုံတစ်ပုံအောက် လျော့နည်းခြင်း မရှိစေရန် သဘောတူထားသည်။
လူမှုရေး နယ်ပယ်စုံမှ အောက်ခြေတန်း ကိုယ်စားလှယ်ပေါင်း ၇၇၁ ဦး ( ၃၃.၇ ရာခိုင်နှုန်း) တက်ရောက်ခွင့်ရရှိမည်ဖြစ်ရာ လွန်ခဲ့သော ၅ နှစ်က ကျင်းပခဲ့သော ညီလာခံထက် ၃.၂ ရာခိုင်နှုန်း ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။
အောက်ခြေကိုယ်စားလှယ်များ၏ စကားသံ အထူးသဖြင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ၊ သိပ္ပံဆိုင်ရာ တီထွင်စမ်းသပ်မှု နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အောင်မြင်စွာ စွမ်းဆောင်ခဲ့ကြသူများသည် တရုတ်နိုင်ငံ၏ လူမှုရေးနယ်ပယ်ကဏ္ဍစုံပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုကို တွန်းအားပေးခြင်း နှင့် အသိအမြင်များ ဖြန့်ဝေပေးခြင်း အတွက် ညီလာခံသို့စုရုံးရောက်ရှိလာရန် မျှော်လင့်ထားသည်။
ယင်းအချိန်အခါတွင် ကိုယ်စားလှယ်များအားလုံးသည် မာစ့်ဝါဒ၌ ၎င်းတို့၏ ယုံကြည်မှု နှင့် ၎င်းတို့တစ်ဦးချင်းစီ၏ ပြည်သူများအကြား ပူးပေါင်းပါဝင်မှုများအကြောင်းကို မျှဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)