Connect with us

Politics, Law & Military

CPC ဗဟို ကော်မတီတွင် တင်းပြည့်အဖွဲ့သစ် ၁၁ ဦး ဝန်ခံကတိပြု

၁၈ ကြိမ်မြောက် CPC ဗဟို ကော်မတီ၏ ၇ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး ကျင်းပသည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

၁၈ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ၌ တင်းပြည့်အဖွဲ့ဝင်သစ် ၁၁ ဦးက ဝန်ခံကတိပြုခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်တွင် ပြုလုပ်ခဲ့သော ကော်မတီ မျက်နှာစုံညီ အစည်းအဝေးပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အဖွဲ့ဝင်သစ်များဖြစ်သော Cui Bo, Shu Xiaoqin, Ma Shunqing, Wang Jianjun, Li Qiang, Chen Wu, Chen Mingming, Zhai Lixiong, Zhao Shucong, Duan Chunhua နှင့် Losang Jamcan တို့က ၁၈ ကြိမ်မြောက် CPC ဗဟို ကော်မတီ အလှည့်ကျ အဖွဲ့ဝင်များ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။၁၈ ကြိမ်မြောက် CPC ဗဟို ကော်မတီ၏ ၇ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား အောက်တိုဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင် ၁၉၁ ဦးနှင့် အလှည့်ကျ အဖွဲ့ဝင် ၁၄၁ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.