Connect with us

Politics, Law & Military

၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အဆုံးသတ်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံမျှော်မှန်းချက်များ ခိုင်မာရန် သဘောတူ

၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များ မှတ်တမ်းဓာတ်ပုံ ရိုက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေးအား ဧပြီလ ၂၈ ရက်တွင် အဆုံးသတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံမျှော်မှန်းချက်များ ခိုင်မာရေးအတွက် သဘောတူခဲ့ကြကြောင်း သိရသည်။

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံ၏ ကြံ့ကြံ့ခံနိုင်မှုနှင့် တီထွင်ဆန်းသစ်မှုရှိသော စွမ်းရည် ခိုင်မာစေရန် ယခုနှစ်အတွက် အာဆီယံ၏ ဦးစားပေးချက်များနှင့်အညီ အာဆီယံ ခေါင်းဆောင်များက သဘောတူခဲ့ကြကြောင်း ပြောကြားခဲ့သည်။

၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း မိန့်ခွန်းပြောနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ခေါင်းဆောင်များ သဘောတူခဲ့ကြသော ပထမ အာဆီယံ မျှော်မှန်းချက်သည် ကြံ့ကြံ့ခံနိုင်ပြီး တီထွင်ဆန်းသစ်မှုရှိသည့် အာဆီယံ ဖြစ်ပြီး ဒုတိယတစ်ခုမှာ ASEAN Smart Cities Network တည်ထောင်ရေးဖြစ်ကြောင်း ထိပ်သီးအစည်းအဝေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လီက ပြောကြားခဲ့သည်။

အဆိုပါ Network သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးရှိ ပြည်သူများ၏ ဘဝများနှင့် လူနေထိုင်မှုများအား တိုးတက်စေရန် နည်းပညာကို အသုံးပြုမည် ဖြစ်ကြောင်း လီ၏ အဆိုအရ သိရသည်။တတိယတစ်ခုမှာမူ ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံ ခေါင်းဆောင်များ၏ ကြေညာချက် ဖြစ်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးညှိနှိုင်းမှု နက်ရှိုင်းရန် ဒီဂျစ်တယ်လိုက်ဇေးရှင်း (Digitalization) ၏ မြန်ဆန်သော လျှောက်လှမ်းမှုအား ထိန်းသိမ်းရန် ဖြစ်သည်။

ထို့ပြင် လီသည် Model ASEAN Extradition Treaty (MAET) ၏ အပြီးသတ်ခြင်း၊ စင်ကာပူ-အာဆီယံ လူငယ်ရန်ပုံငွေ ပြန်လည်အသက်ဝင်လာခြင်း၊ ASEAN Law Academy အစီအစဉ်ဖြစ်သော နှစ်ပတ်လည် လေ့ကျင့်ရေး အလုပ်ရုံဆွေးနွေးပွဲ စင်ကာပူနိုင်ငံတွင် အကောင်အထည်ဖော်ခြင်း စသည်တို့အား ကြေညာရသည့်အတွက် ကျေနပ်ရပါကြောင်း ပြောကြားခဲ့သည်။အာဆီယံခေါင်းဆောင်များသည် ဒေသတွင်းရေးရာများနှင့် အာဆီယံ ပြင်ပ ချိတ်ဆက်မှုများဆိုင်ရာ အစည်းအဝေးအတွင်း ကောင်းမွန်စွာ ဆွေးနွေးခဲ့ကြကြောင်း လီက ဆိုသည်။၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား စင်ကာပူနိုင်ငံတွင် ဧပြီလ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.