Connect with us

Politics, Law & Military

မြောက်ကိုရီးယားနိုင်ငံသို့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သွားရောက်လည်ပတ်မည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၃ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ သည် မေလ ၂ ရက် မှ ၃ ရက် အထိ မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန် က ယနေ့ဧပြီ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရိယောင်ဟို ( Ri Yong Ho) ၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း လုခန် ၏ ပြောကြားချက်အရ သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117