Politics, Law & Military
ကူမင်တန်ပါတီ ဥက္ကဌသစ် ရွေးချယ်ပြီး နောက်ပိုင်း အပြန်အလှန် အခက်အခဲ များ ချောမွေ့ရန် ပြည်မကြီး မျှော်လင့်
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
ထိုင်ဝမ်ကျွန်းဆွယ် ၏ အာဏာရ ကူမင်တန်ပါတီ ဥက္ကဌသစ် ရွေးချယ်ပြီး နောက်ပိုင်းတွင် အပြန်အလှန် အခက်အခဲများ အဆင်ပြေ ချောမွေ့ရန် ပြည်မကြီးမှ မျှော်လင့် ကြောင်း တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာ ဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားသည်။
ပြောရေးဆိုခွင့်ရှိသူ Ma Xiaoguang က သတင်းစာရှင်းလင်းပွဲတွင် နှစ်ဘက်စလုံးက နိုင်ငံရေးအခြေခံ ခိုင်မာစေပြီး အပြန်အလှန် ဆက်လက် အကျိုးပြုသင့်ကြောင်း ပြောကြားခဲ့သည်။
ကူမင်တန် ဥက္ကဌသစ် ရွေးချယ်မှုကို ဇန်နဝါရီလ ၁၇ ရက်တွင်ပြုလုပ်မည်ဖြစ်သည်။ ပါတီဥက္ကဌ ရာထူးမှ နှုတ်ထွက်လိုက်သည့် ထိုင်ဝမ်ခေါင်းဆောင် Ma Ying-Jeou သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပါတီ၏ ယာယီ ဥက္ကဌ ရာထူးအား ဒုတိယ ဥက္ကဌ ဖြစ်သူ Wu Den-yih ကို လွှဲပြောင်းပေးခဲ့သည်။ (Xinhua)