Connect with us

Politics, Law & Military

တရုတ်၏ အိပ်မက် (Chinese Dream) အကောင်အထည်ဖော်ရန် တရုတ်သမ္မတ အားသစ်လောင်းပေး

ပေကျင်းမြို့ညရှုခင်း(ဆင်ဟွာ)

ပေကျင်းမြို့ညရှုခင်း(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်၏ စပ်ကူးမတ်ကူး ကာလဖြစ်သည့် ၂၀၁၂ခုနှစ်နှောင်းပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် (Xi Jinping) သည်သမ္မတနေရာ ထမ်းဆောင်ခဲ့ပြီး လူထုအား အကျိုးပြုရန် ကြီးလေးသည့် တာဝန်များ ထမ်းရွက်ခဲ့သည်။

၂နှစ်ကျော်လွန်ပြီး နောက်ပိုင်းတွင် Xi သည် နေရာဒေသမရွေး တော်တော်များများ သွားရောက် ခဲ့သည်။ သာမန် ပြည်သူလူထုများနှင့် ထိတွေ့ ဆက်ဆံ ပြောဆိုခဲ့ပြီး ပြည်သူများ၏ လူနေမှုဘဝ၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးစောင့် ရှောက်မှုများ၊ အိမ်ရာများ ၊ လူမှုဘဝ အာမခံချက် များအား လေ့လာခဲ့သည်။

ပြီးခဲ့သည့် ၂နှစ်က လာဘ်စားမှုနှင့် ပတ်သက်ပြီး နှိပ်ကွပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုနှိပ်ကွပ်ခြင်းခံရများတွင် နာမည်ကြီးသူများ လည်းပါဝင်ပြီး ကျောသားရင်သားမခွဲခြားဘဲ လာဘ်စားမှု အားတိုက်ဖျက်ခဲ့သည်။

စည်းကမ်းချိုးဖောက်မှုများထဲတွင် Zhou Yongkang, Xu Caihou, Ling Jihua နှင့် Su Rong စသည့်အငြိမ်းစားအရာရှိကြီးများ တစ်ပုံတစ်ခေါင်းပါဝင်ခဲ့သည်။ လိုက်နာရန် အချက် ၈ ချက်နှင့်အညီ စည်းကမ်း ဖောက်ဖျက်သည့်အခါ ပြစ်ဒဏ်ပေးမှု ၇၀၀ ကျော် ဆောင်ရွက် ခဲ့သည်။

၎င်းစည်းကမ်းချက် ၈ ချက်ကို ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် စတင်ခဲ့သည်။ အစိုးရ၏ ခြိုးခြံ ချွေတာစွာ လုပ်ဆောင်သည့် ပုံစံသည် နာမည်ကြီး လာခဲ့သည်။

တရုတ်သည် တရားဥပဒေ စိုးမိုးရေးအား တိုးမြှင့်လုပ်ဆောင် သလို ပြုပြင် ပြောင်းလဲရေးအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်ပေးရေး ဥပဒေများကို ယခင်တွေ့ကြုံခဲ့ရသည့် သင်ခန်းစာများယူကာ ဆောင်ရွက်နေပြီး လူထုနှင့် နီးကပ်သည့် ဆက်ဆံရေးအား တည်ဆောက်ခဲ့သည်။

ပြီးခဲ့သည့် ၂နှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး တည်ငြိမ်တိုးတက်မှုကို ထိန်းသိမ်းနိုင်ခဲ့သည်။ ကမ္ဘာတွင် တရုတ်၏ ကုန်သွယ်မှုသည် ထိပ်ဆုံးတွင် ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.