Connect with us

Politics, Law & Military

2019 Military World Games ဖွင့်ပွဲအခမ်းအနား သို့ သမ္မတရှီကျင့်ဖိန် တက်ရောက်အမှာစကားပြော

၇ ကြိမ်မြောက် Military World Games ဖွင့်ပွဲအခမ်းအနားသို့ သမ္မတရှီကျင့်ဖိန်တက်ရောက်လာစဉ်(ဆင်ဟွာ)

ဝူဟန့်၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားကောင်စီ CISM က ကြီးမှူးကျင်းပသည့် 2019 Military World Games  ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက် တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ဝူဟန့်မြို့ရှိ ဝူဟန့်အားကစားစင်တာ၌ ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစကော်မရှင်ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဝူဟန့်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် Military World Games တွင် နိုင်ငံပေါင်း ၁၀၉ နိုင်ငံက တပ်မတော်သား ၉၃၀၈ ဦး က အားကစားနည်း ၂၇ မျိုး အားကစားပွဲစဉ်ပေါင်း ၃၂၉ ပွဲ ကို ၁၀ ရက်ကြာ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

Military World Games သည် တပ်မတော်သားများအတွက် အိုလံပစ်အားကစားပြိုင်ပွဲကဲ့သို့ အားကစားနည်းပေါင်းစုံ ပါဝင်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ တပ်မတော်သားများအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ထိပ်တန်း အားကစားပွဲတစ်ခုလည်းဖြစ်ကြောင်းသိရသည်။(Xinhua)