Connect with us

Politics, Law & Military

၉ ကြိမ်မြောက် BRICS နိုင်ငံများ လုံခြုံရေး လုပ်ငန်း ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ အစည်းအဝေး သို့ တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင် တက်ရောက်

ယန်ကျဲ့ချီ မှ ၉ ကြိမ်မြောက် BRICS နိုင်ငံများ လုံခြုံရေး လုပ်ငန်း ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ အစည်းအဝေး တက်ရောက်ခဲ့စဉ်(ဆင်ဟွာ)

ဘရာဇီးလီးယား ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင် ၊ ပြည်ပရေးရာ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (Yang Jichi) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ က အောက်တိုဘာ ၁၇ ရက် မှ ၁၈ ရက် အထိ ဘရာဇီးလီးယား မြို့ တွင် ကျင်းပ ပြုလုပ်သော ၉ ကြိမ်မြောက် BRICS အဖွဲ့ဝင် နိုင်ငံများ လုံခြုံရေး လုပ်ငန်း ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ အစည်းအဝေး အား တက်ရောက် ခဲ့ပြီး အစည်းအဝေး တွင် နိုဝင်ဘာလ ၌ ကျင်းပပြုလုပ်မည့် BRICS အဖွဲ့ဝင် နိုင်ငံများ ခေါင်ဆောင် အစည်းအဝေး အတွက် နိုင်ငံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကာ ဘရာဇီး နိုင်ငံ သမ္မတ ဂျေအာ မက်စ်ရှက်စ် ဘိုဆိုနာရို (Jair Messias Bolsonaro) က ကိုယ်စားလှယ် အဖွဲ့ များအား လက်ခံ တွေ့ဆုံ ခဲ့သည်။

ဘရာဇီး နိုင်ငံ သမ္မတ က လက်ခံတွေ့ဆုံစဉ် မိမိ အနေဖြင့် မကြာမီ ဘရာဇီးလီးယား တွင် ကျင်းပ ပြုလုပ်မည့် အစည်းအဝေး တွင် နိုင်ငံအသီးသီး မှ ခေါင်းဆောင်များ နှင့် တွေ့ဆုံရမည့် အပေါ် လွန်စွာ မျှော်လင့်နေကြောင့် ၊ ယခု အကြိမ်အစည်းအဝေး တွင် နိုင်ငံအသီးသီး မှ ကိုယ်စားလှယ် အဖွဲ့ တို့ က အရည်အသွေး မြင့်မားသည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သဖြင့် BRICS အဖွဲ့ဝင် နိုင်ငံ များ ၏ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှု ကို ပေါ်လွင်စေခဲ့ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ အပါအဝင် အာရှ နိုင်ငံ အသီးသီး သို့ သွားရောက်လည်ပတ်သည့် ခရီးစဉ် စတင်တော့မည် ဖြစ်ပြီး ယင်းခရီးစဉ် သက်ဆိုင်ရာ နိုင်ငံများ နှင့် ဆက်ဆံရေး အား တွန်းအားပေး နိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ယန့်ကျဲ့ချီ က လက်ရှိချိန် တွင် ရာစုနှစ် တစ်ခု အတွင်း မဖြစ်ပွား ခဲ့သော ပြောင်းလဲမှု အခြေအနေ နှင့် ကြုံတွေ့နေရသဖြင့် BRICS အဖွဲ့ဝင် နိုင်ငံများ က ပိုမို စည်းလုံးညီညွတ်စွာ ဖြင့် ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း ၊ မိမိ တို့အနေဖြင့် ခေါင်းဆောင်များ ၏ တွေ့ဆုံဆွေးနွေးမှု မှ ရရှိသည့် သဘောတူညီမှု များကို ဘက်စုံ လက်တွေ့ အကောင်အထည် ဖော်သွားရမည် ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှု ကို တွန်းအားပေးသွားရမည် ဖြစ်ကြောင်း ၊ မိမိ တို့အနေဖြင့် အပြန်အလှန် ထောက်ခံအားပေး ပြီး အန္တရာယ် ကာကွယ်နိုင်မှုစွမ်းရည် နှင့် ရှုပ်ထွေးသော အခြေအနေ ရင်ဆိုင် နိုင်မှု စွမ်းရည် ကို မြှင့်တင်သွား ကာ ပြည်ပဝင်ရောက်စွက်ဖက်မှု ကို အတူတကွ ဆန့်ကျင် သွားရမည် ဖြစ်ကြောင်း ၊ မိမိ တို့အနေဖြင့် တံခါးဖွင့် ပြီး သည်းခံခွင့်လွှတ်သော ပူးပေါင်းဆောင်ရွက်မှု သဘောထား ကို လိုက်နာသွားပြီး “BRICS +” ပူးပေါင်းဆောင်ရွက်မှု ပုံစံ ကို တွန်းအားပေး ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ မိမိတို့ အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ မြင့်မားစွာ ကိုင်ဆောင်ပြီး ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း တွင် ပါရှိသော မူဝါဒ နှင့် ရပ်တည်မှု ကို ထိန်းသိမ်း ကာကွယ်သွား ပြီး နိုင်ငံတကာ စည်းစနစ် အား ပိုမိုမှန်ကန်သည့် ဦးတည်ချက် သို့ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး အတွင်း ကိုယ်စားလှယ် အဖွဲ့ တို့ က အကြမ်းဖက်မှု နှိမ်နင်းရေး ၊ ဆိုက်ဘာလုံခြုံရေး နှင့် နိုင်ငံတကာ ရှိ အရေးပါသည့် ကိစ္စရပ်များ နှင့် ပတ်သက်၍ သဘောထား အမြင်များ အား နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု များစွာ ရရှိခဲ့ကြောင်း ၊ ကိုယ်စားလှယ် အဖွဲ့ အားလုံး က စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်သွားရန် ၊ နိုဝင်ဘာလ ၌ ကျင်းပပြုလုပ်မည့် BRICS ခေါင်းဆောင်များ အစည်းအဝေး တွင် အောင်မြင်မှုများ များစွာ ရရှိအောင် တွန်းအားပေး ဆောင်ရွက်ရန် ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ အား ထိန်းသိမ်းကာကွယ်ရန် နှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး တို့ အတွက် ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

အစည်းအဝေး ကျင်းပစဉ် အတွင်း ယန်ကျဲ့ချီ အနေဖြင့် ရုရှား ၊ ဘရာဇီး ၊ အန္ဒိယ နှင့် တောင်အာဖရိက နိုင်ငံ တို့မှ ကိုယ်စားလှယ် အဖွဲ့များ နှင့် သီးခြား တွေ့ဆုံမှုများလည်း ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117