Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
AIIB ပလက်ဖောင်းအသစ်ဖြင့် အေးအတူ၊ ပူအမျှ လူသားမျိုးနွယ်အသိုက်အဝန်း တည်ဆောက်ရန် သမ္မတ ရှီကျင့်ဖိန် တိုက်တွန်း - Xinhua News Agency
Connect with us

Politics, Law & Military

AIIB ပလက်ဖောင်းအသစ်ဖြင့် အေးအတူ၊ ပူအမျှ လူသားမျိုးနွယ်အသိုက်အဝန်း တည်ဆောက်ရန် သမ္မတ ရှီကျင့်ဖိန် တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဇူလိုင် ၂၈ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ပလက်ဖောင်းသစ်ဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းတည်ဆောက်မှုအားလုံးအတွက် အေးအတူ၊ ပူအမျှ လူသားမျိုးနွယ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ဆောင်ရွက်သွားရေး အတွက် တိုက်တွန်းပြောကြားခဲ့သည်။ 

သမ္မတ ရှီသည် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုဘဏ်၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ AIIB အား ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်သည့် နိုင်ငံစုံပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုဘဏ်ပုံစံသစ်အဖြစ်လည်းကောင်း၊ အချိန်နှင့်တစ်ပြေးညီ တိုးတက်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှုပလက်ဖောင်း ပုံစံသစ်အဖြစ်လည်းကောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် စွမ်းဆောင်ရည်မြင့်မားသော အဖွဲ့အစည်းပုံစံသစ်အဖြစ်လည်းကောင်း၊ နိုင်ငံစုံပါဝင်သော ပူးပေါင်းဆောင်ရွက်မှု စံနမူနာသစ်အဖြစ်လည်းကောင်း ဆောင်ရွက်ရေး အားထုတ်ကြိုးပမ်းကြရန် ရှီက ပြောကြားခဲ့သည်။ 

AIIB ဘဏ်တည်ဆောက်ရေးအတွက် သမ္မတ ရှီကျင့်ဖိန်က ၂၀၁၃ ခုနှစ်တွင် အဆိုပြုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တရားဝင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ “အဲဒီအဆိုပြုချက်ကို အာရှတိုက်အတွင်း အခြေခံအဆောက်အအုံနဲ့ ကွန်ရက်ချိတ်ဆက်မှု တိုးတက်စေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုမျှဝေရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေဖို့ ချမှတ်ထားတာဖြစ်ပါတယ်” ဟု ရှီက ဆိုသည်။ 

AIIB သည် အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံဖြင့် တည်ထောင်ခဲ့ရာမှ ယခုအခါ အာရှ၊ ဥရောပ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိကနှင့် ကျွန်းနိုင်ငံများ စသည့် တိုက်ကြီးခြောက်ခုမှ အဖွဲ့ဝင်နိုင်ငံ ၁၀၂ နိုင်ငံအထိရှိလာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုမှာလည်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ နီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။  (Xinhua)