Connect with us

Politics, Law & Military

တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံအတွက် ခြိမ်းခြောက်မှုမဟုတ် ၊ အခွင့်အလမ်းသာဖြစ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန် Dominic Raab တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ၂၀၁၉ ခုနှစ် ဇူလိုင် ၃၁ ရက်ကတွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ(UK) အတွက် တရုတ်နိုင်ငံသည် ခြိမ်းခြောက်မှုတစ်ခုအစား အခွင့်အလမ်းတစ်ခုသာအမြဲဖြစ်ခဲ့ကြောင်း ၊ လျော့ရဲမှုတစ်ခုအစား အလုံးစုံ ညှိနှိုင်းမှုတစ်ခုသာဖြစ်ကြောင်း ၊ စိန်ခေါ်မှု သို့မဟုတ် စွန့်စားမှုတစ်ခုအစား အဖြေတစ်ခုသာဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဒေါ်မိနစ်ရပ်(Dominic Raab) နှင့် တယ်လီဖုန်းဆက်ဆွေးနွေးစဉ် ဝမ်ရိက တရုတ် နှင့် ဗြိတိန် နှစ်နိုင်ငံစလုံးသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြကြောင်း ၊ ကမ္ဘာပေါ်တွင် လွှမ်းမိုးမှု ရှိသောနိုင်ငံများဖြစ်ကြကြောင်း နှင့် နိုင်ငံတကာအရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်မှုအတွက် ကြီးမားသော နေရာအခင်းအကျင်းနှင့် အလားအလာကောင်းများ ရှိကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နှစ်ဖက်စလုံးအနေဖြင့် ချိတ်ဆက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသွားသင့်ကြောင်း နှင့် နိုင်ငံတကာ တာဝန်များ နှင့် ဝတ္တရားများကို လက်ခံဆောင်ရွက်သွားသင့်ကြောင်း ဝမ်ရိက ဆိုသည်။လက်ရှိ တရုတ်-UK ဆက်ဆံရေးသည် အတားအဆီးများနှင့် ကြားဝင်စွက်ဖက်မှုများ ကြုံတွေ့နေရကြောင်း ဝမ်ရိက ပြောကြားခဲ့ပြီး ဗြိတိန်နိုင်ငံအတွင်းရှိ အချို့သော လူများက နှစ်နိုင်ငံဆက်ဆံရေးကို “တစ်ဖန်ပိတ်ဖွင့်” လုပ်ရန် တောင်းဆိုနေပြီး နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို တွန်းထုတ်ဖယ်ရှားရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ၊ ယင်းမှာ ဆက်ဆံရေးအား အသေကောင်တစ်ခုအဖြစ် အဆုံးသတ်သွားရန်သာ မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Horse Guards Parade တွင် တရုတ်နိုင်ငံ အလံ နှင့် ဗြိတိန်နိုင်ငံအလံတို့ကို အတူတကွ လွှင့်ထူထားသည်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်-ယူကေ ဆက်ဆံရေး လမ်းတစ်လျှောက်တွင် နှစ်ဖက်စလုံးအနေဖြင့် ရိုးရှင်းမှု နှင့် အပြန်အလှန်ရှိမှု ထားရှိသင့်ကြောင်း ၊ နိုင်ငံတကာဆက်ဆံရေးအခြေခံစည်းမျဉ်းများကို လိုက်နာသင့်ကြောင်း ၊ တစ်ဖက်နှင့်တစ်ဖက်၏ ဘုံအကျိုးစီးပွားများနှင့် အဓိက သက်ဆိုင်မှုများကို လေးစားသင့်ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေး၏ နိုင်ငံရေးအုတ်မြစ်များကို ထိန်းသိမ်းသွားသင့်ကြောင်း ၎င်းက 

ဟောင်ကောင်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းအရ တည်ရှိမှု ကို ဝမ်က ထပ်လောင်းအသိပေးပြောကြားခဲ့ပြီး ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ ဟောင်ကောင်ဖြစ်ကြောင်း နှင့် ဟောင်ကောင်အရေးသည် တရုတ်နိုင်ငံ၏ အရေးသားဖြစ်ကြောင်း မီးမောင်းထိုးပြောကြားခဲ့သည်။

ယင်းမှာ အခြေခံစည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။ တရုတ်နိုင်ငံ၏ ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းချက်အပေါ် ဗြိတိန်နိုင်ငံ(UK) အနေဖြင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို ချိုးဖောက်သည့် လုပ်ဆောင်ချက်များ နှင့် ပြောဆိုချက်များစွာကို မကြာသေးခင်က ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ခြင်းအား တရုတ်နိုင်ငံက ခိုင်မာစွာ ကန့်ကွက်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ဟောင်ကောင်အတွက် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှု၏ ပြင်ဆင်ဆောင်ရွက်မှု နှင့် အကောင်အထည်ဖော်မှုသည် ဟောင်ကောင်တွင် တရားဥပဒေစိုးမိုးရေး မြှင့်တင်ရန် ရည်ရွယ်ကြောင်း နှင့် တစ်နိုင်ငံ ၊ စနစ် နှစ်မျိုး၏ တည်ငြိမ်မှု နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတaိုးတက်မှု ခိုင်မာသေချာစေရန် တရား ဥပဒေစိုးမိုးရေး လမ်းကြောင်းဖြစ်ကြောင်း ၊ ယင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အခြေခံဥပဒေ နှင့်အညီ အပြည့်အဝ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဥပဒေပြဌာန်းမှုသည် ဟောင်ကောင်တွင် အကျိုးစီးပွားဖြစ်ထွန်းမှု နှင့် တည်ငြိမ်မှုကိုဆောင်ကြဉ်းပေးနိုင်ရုံသာမက ဟောင်ကောင်ရှိ နိုင်ငံခြားကုမ္ပဏီများအားလုံး နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏  တရားဥပဒေကြောင်း အရ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ရန်အတွက်လည်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။5G ကိစ္စရပ်နှင့်ပတ်သက်၍ တရုတ် နှင့် ဗြိတိန်နိုင်ငံတို့သည် ဈေးကွက်စီးပွားရေး အခြေခံစည်းမျဉ်းများအပေါ် အခြေခံပြီး ကုန်ထုတ်စက်မှုနယ်ပယ်အားလုံးတွင် တူညီသောအဆင့်တစ်ခုဖြစ် ဆောင်ရွက်သွားရန် ဝေမျှသဘောတူညီမှုရှိခဲ့ကြောင်း ဝမ်က ဆိုသည်။

စိတ်မကောင်းစွာပင် အဆိုပါ နိုင်ငံတစ်နိုင်ငံမှ ဖိအားပေးမှု နှင့် အင်အားသုံးမှု အောက်တွင် ယူကေအနေဖြင့် စီးပွားရေးကိစ္စရပ်များကို နိုင်ငံရေးလုပ်ခဲ့ကြောင်း နှင့် တရုတ်ကုမ္ပဏီများအပေါ် ဆန့်ကျင်သည့် ခွဲခြားဆက်ဆံမှု ပြုလုပ်ခဲ့ကြောင်း ဝမ်က ဆိုသည်။ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်ကုမ္ပဏီတစ်ခုအပါအဝင် ကုမ္ပဏီအားလုံးအတွက် တံခါးဖွင့်သော ၊ မျှတသော နှင့် ခွဲခြားဆက်ဆံမှုမရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးရန် နှင့် ဗြိတိန်ဈေးကွက်တွင် တရုတ်ကုမ္ပဏီများ၏ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံက တောင်းဆိုကြောင်း ၎င်းက ဆိုသည်။(Xinhua)