Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ လီမာတွင် ကျင်းပ သည့် ၂၄ ကြိမ်မြောက် APEC ခေါင်းဆောင်များ အစည်းအဝေးကိုတက်ရောက်ပြီး ပီရူး နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်စတင်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီးတို့မှ အီကွေဒေါ နိုင်ငံ သို့ရောက်ရှိခဲ့စဉ်(ဆင်ဟွာ)

လီမာ ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒေသ စံတော်ချိန် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပီရူးနိုင်ငံ မြို့တော် လီမာ သို့ရောက်ရှိခဲ့ပြီး ၂၄ ကြိမ်မြောက် အာရှ-ပစိဖိတ် စီပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အစည်းအဝေးကိုတက်ရောက်ကာ ပီရူး နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် စတင် ခဲ့သည်။

သမ္မတ ရှီကျင့်ဖိန် သည် ဒေသ စံတော်ချိန် ည ၆ နာရီ ၂၀ မိနစ် တွင် အထူး လေယာဉ် ဖြင့် လီမာ လေတပ်စခန်း သို့ စတင်ရောက်ရှိခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ နှင့် ဇနီး အား ဗီရူး နိုင်ငံ ဒုတိယ သမ္မတ Mercedes Araoz နှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် တို့မှ ကြိုဆို ခဲ့ကြသည်။တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ပီရူး နိုင်ငံ ရှိပြည်သူ တို့အား ရင်းနှင်းခင်မင်စွာ နှုတ်ခွန်းဆက် ဆုမွန်ကောင်း တောင်းခဲ့ပြီး ပီရူးနိုင်ငံ သည် လက်တင်အမေရိက တွင် အရေးပါသည့် နိုင်ငံ ဖြစ်ကာ ရှည်လျားတောက်ပ သည့် သမိုင်းအစဉ်အလာ များရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက်တွင် တရုတ်-ပီရူး နှစ်နိုင်ငံ ပြည်သူလူထု အနေဖြင့် နက်ရှိုင်းသည့် ရိုးရာချစ်ကြည်ရေးများရှိခဲ့ပြီး သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၄၅ နှစ်တာ ကာလအတွင်း နှစ်နိုင်ငံ သည် တန်းတူညီမျှခြင်း ၊ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းခြင်း နှင့် အပြန်အလှန် လေးစားမှု ထားရှိခြင်း တို့ကို အခြေခံ၍ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု အခြေအနေသည် အလွန်ကောင်းမွန်နေပြီး ပူးပေါင်းဆောင်ရွက်မှု အလားအလာသည်လည်း အလွန်ကျယ်ပြန့်ကြောင်း ၊ မိမိ အနေဖြင့် ယခု ခရီးစဉ် ၏ အဓိက ရည်ရွယ်ချက်သည် ချစ်ကြည်ရေး တိုးမြှင့်ရေး ၊ နားလည်မှု တိုးပွားရေး နှင့် ဖွံ့ဖြိုးမှု တိုးတက်စေရေး တို့ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပီရူး နိုင်ငံ တွင် ကျင်းပသည့် ၂၄ ကြိမ်မြောက် APEC ခေါင်းဆောင်များ အစည်းအဝေးကို ထောက်ခံအားပေးပြီး ပီရူး နိုင်ငံ ခေါင်းဆောင်များနှင့်တကွ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် အတူတကွ စိတ်ဝင်စားသည့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များကို သဘောထားအမြင်များ ဖလှယ်သွားမည် ဖြစ်ကြောင်း ၊ ယခု ခရီးစဉ်သည် ပြည့်စုံအောင်မြင်သည့် ခရီးစဉ် ဖြစ်မည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် အီကွေဒေါ နိုင်ငံ သို့ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်ပြီး နောက်တွင် ပီရူး နိုင်ငံ သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အီကွေဒေါ နိုင်ငံ မှ ထွက်ခွာစဉ်တွင် အီကွေဒေါ နိုင်ငံ သမ္မတ မှ လေဆိပ်တွင် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ပီရူး နိုင်ငံ ခရီးစဉ်သည် ယခု အကြိမ် ပြည်ပ ချစ်ကြည်ရေး ခရီးစဉ်၏ ဒုတိယ မြောက် နိုင်ငံ ဖြစ်ပြီး ထို့နောက်တွင် ချီလီ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.