Connect with us

Politics, Law & Military

(B&R Forum) တရုတ်နှင့် အင်ဒိုနီးရှား ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ရန် သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို (ဝဲ) တို့ မေ ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ၂၁ရာစု ပင်လယ်ရေကြောင်းပိုးလမ်းကြီး အပေါ် အင်ဒိုနီးရှားနိုင်ငံ၏ အထူးချိတ်ဆက်မှု နှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှု မူဘောင်အောက်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းလာစေရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မေ ၁၄ ရက် ကပြောကြားခဲ့သည်။

ရှီက “အင်ဒိုနီးရှားနိုင်ငံ မှာ ၂၀၁၃ခုနှစ် အောက်တိုဘာလ က ဟောပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာ ၂၁ရာစု ပင်လယ်ရေကြောင်းပိုးလမ်းကြီး ကို ပထမဆုံး အဆိုပြုခဲ့ပါတယ်။ ယင်းအဆိုပြုချက် နဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ Global Maritime Fulcrum တို့ဟာ တစ်သားတည်းရှိနေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမို ကောင်းမွန်လာစေခဲ့ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရှီက တရုတ်နိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံ ဆက်ဆံရေးကို ပိုမို အဆင့်မြှင့်တင်ရန် နှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ ခိုင်မာလာစေရန် အဆင့်မြင့်ဖလှယ်မှုများကို ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

၎င်းက နှစ်နိုင်ငံစလုံးသည် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာစေရေး၊ အခြေခံအဆောက်အအုံ စီမံကိန်းများ အဆင့်မြှင့်တင်ရေး နှင့် နှစ်နိုင်ငံ ကုန်သွယ်မှု ဟန်ချက်ညီစွာ ကြီးထွားလာရေးတို့အတွက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝီဒိုဒိုက ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှု သည် အင်ဒိုးနီးရှားနိုင်ငံ နှင့် တရုတ်နိုင်ငံ အတွက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများစွာကို ယူဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့သည်။

၎င်းက အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတကာ နှင့် ဒေသတွင်းအရေးကိစ္စများတွင် တရုတ်နိုင်ငံ နှင့် နီးကပ်စွာ ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက်မှုများကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး တရုတ်-အာဆီယံ ဆက်ဆံရေး တည်ငြိမ်မှုရှိစေရန်အတွက်လည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမှုပြီးနောက် ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတန်းများကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.