Connect with us

Politics, Law & Military

(B&R Forum) ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ တက်ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်များ၏ ဇနီးများ တရုတ်နန်းတော်ပြတိုက်သို့သွားရောက်လေ့လာ

ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲတက်ရောက်လာသော ကမ္ဘာ့ ခေါင်းဆောင်များ၏ ဇနီးများ တရုတ်နန်းတော်ပြတိုက်ရှေ့ တွင် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ၏ ဇနီး ဖုန်းလိယွမ် ၏ ဖိတ်ခေါ်မှုဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲတက်ရောက်လာသော နိုင်ငံ့ခေါင်းဆောင်များ၏ ဇနီးများသည် တရုတ်နန်းတော် ပြတိုက်သို့မေလ ၁၅ ရက်က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ဧည့်သည်တော်များသည် နန်းတော်ဧည့်ဆောင်ရှေ့တွင် စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်း ၊ နန်းတော်ပြတိုက်သမိုင်းဆိုင်ရာ ရှင်းလင်းချက်များကို နားထောင်ခြင်း နှင့် ရှေးခေတ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် အသုံးပြုခဲ့သော ရှေးဟောင်းပစ္စည်းအသုံးအဆောင်များခင်းကျင်းပြသထားခြင်းများကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် ဧည့်သည်တော်များသည် ပေကျင်းမြို့တော်၏ ယဉ်ကျေးမှုအမွေအနှစ်အစီအစဉ်ဖြင့် ခင်းကျင်းပြသထားသော နန်းတော်ပြတိုက်ရှိ ဥယျာဉ်တော်အား သွားရောက်လည်ပတ်ခဲ့ကြပြီး တရုတ် ရိုးရာ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို အားပေးခဲ့ကြောင်း သိရသည်။

ဖုန်းလိယွမ်က ကြွရောက်လာသော ဧည့်သည်တော်များအား တရုတ် နိုင်ငံ နှင့် ၎င်းတို့၏ နိုင်ငံများအကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်ဖလှယ်မှုများအတွက် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.