Connect with us

Politics, Law & Military

(#B&R) ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အခြေခံအချက်အလက်များ

အီဂျစ်နိုင်ငံ နိုင်းမြစ်ပေါ် ဖြတ်ကျော်ထားသော လျှပ်စစ်တာဝါတိုင်များအကြား မောင်းသူမဲ့လေယာဉ် (Drone) အသုံးပြု၍ ဓါတ်ကြိုးသွယ်တန်းရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအင် အသုံးအဆောင် နှင့် နည်းပညာကုမ္ပဏီ ( CET ) မှ ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ကို မေလ ၁၄ ရက်နေ့ မှ ၁၅ ရက်နေ့အထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ အောက်ဖော်ပြပါ အချက်အလက်များသည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု၏ အခြေခံကျသော အကြောင်းအရာများဖြစ်ပါသည်။

(၁) ဖွဲ့စည်းထားမှု

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုကို ကုန်းမြေအခြေပြု ပိုးလမ်းမကြီးစီးပွားရေးပတ်လမ်း နှင့် ၂၁ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုှု အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ၂၀၁၃ ခုနှစ် တွင် သွားရောက်ခဲ့သည့် ကာဇက်စတန်နိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း ပထမဆုံးအကြိမ် အဆိုပြုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းမှု နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမှု နှင့် အားလုံးပါဝင်နိုင်မှု၊ အပြန်အလှန် သင်ယူမှုနှင့် အကျိုးအမြတ်ဖြစ်ထွန်းမှုတို့ စုပေါင်းနေသည့် ခေတ်ဟောင်းပိုးလမ်းမကြီး၏ အနှစ်သာရပေါ်တွင် ထပ်ဆင့် တည်ဆောက်ထားခြင်းဖြစ်သော ခေတ်သစ်ပိုးလမ်းမကြီးသည် အာရှကို ဥရောပ၊ အာဖရိကတို့နှင့် ဆက်သွယ်ပေးရာ နိုင်ငံဖြတ်ကျော် ကွန်ရက်တစ်ခု ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက် နိုင်ငံအားလုံး၏ ဘုံဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။

(၂) ထင်ပေါ်ကျော်ကြားမှု

ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုှုအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံပေါင်း ၁၀၀ ကျော် က ထောက်ခံပေးခဲ့ပြီး ၎င်းတို့အနက် ၄၀ ကျော်က တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် တို့ကလည်း ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှုကို ၎င်းတို့၏ တရားဝင်စာရွက်စာတမ်း နှင့် ဆုံးဖြတ်ချက်များတွင် ထည့်သွင်းဖော်ပြခဲ့ကြသည်။

(၃) ချိတ်ဆက်မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကားလမ်း နှင့် ရထားလမ်းပေါင်းစပ်ထားသော ဘက်စုံသုံး Padma တံတား၊ တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ နှင့် ဥရောပသို့ သွားရောက်နိုင်သည့် China Railway Express ၏ ရထားများ အပါအဝင် အဓိကကျသော ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေး စီမံကိန်းများသည် လွန်ခဲ့သော ၃ နှစ်ကျော်ကာလအတွင်း ဆောင်ရွက်ခဲ့သော ပိုးလမ်းမကြီးဆိုင်ရာ အောင်မြင်မှု အမှတ်သင်္ကေတများပင် ဖြစ်သည်။

တရုတ်သင်္ဘောကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ ( CSCL ) ကုမ္ပဏီမှ ပိုင်ဆိုင်သည့် “Indian Ocean” ကုန်သေတ္တာတင်သင်္ဘောအား အီဂျစ်နိုင်ငံ ဆူးအက်ပင်လယ်ကွေ့၌ တွေ့ရစဉ် (ဆင်ဟွာ)

(၃) ကုန်သွယ်မှု

တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်ကတည်းက ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများတွင် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ ယင်းနိုင်ငံများ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စုစုပေါင်း ၅၆ ခုကို တည်ဆောက်ခဲ့ပြီး ယင်းနိုင်ငံများအတွက် အခွန်ငွေ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ နီးပါးရရှိအောင် ဆောင်ရွက်ပေးခဲ့ကာ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၈၀,၀၀၀ ကို ဖန်တီးပေးနိုင်ခဲ့သည်။

တရုတ်နိုင်ငံ နှင့် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများအကြား ကုန်သွယ်မှု သည် ၂၀၁၆ ခုနှစ် တွင် တရုတ်ယွမ် ၆.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၁၃ ဘီလီယံ ခန့်) ရှိခဲ့သည်။

(၅) ငွေကြေးဆိုင်ရာ ပေါင်းစည်းမှု

တရုတ်နိုင်ငံသည် ပိုးလမ်းမကြီး ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ မတည်ခဲ့ပြီး အာရှ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအား ငွေကြေးထောက်ပံ့ရန်အတွက် ၂၀၁၅ ခုနှစ် တွင် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ကိုလည်း တည်ထောင်ခဲ့သည်။

ယခုအချိန်တွင် နိုင်ငံပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုဘဏ်ဖြစ်သည့် AIIB ၌် အဖွဲ့ဝင်ပေါင်း (၇၇) နိုင်ငံအထိ ရှိလာပြီး ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ထုတ်ချေးပေးခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုတွင် ပါဝင်သော ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ရှိ ဂွါဒါဆိပ်ကမ်းအားတွေ့ရစဉ် (ဆင်ဟွာ)

(၅) စီးပွားရေးစြင်္ကံများ

တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု မူဘောင်အောက်တွင် စီးပွားရေးစြင်္ကံ ၆ ခုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ပြီး ယင်း စြင်္ကံ ၆ ခုမှာ ဥရောပ-အာရှတိုက်သစ်ပေါင်းကူးတံတား၊ တရုတ်-မွန်ဂိုလီးယား-ရုရှား စြင်္ကံ၊ တရုတ်-အလယ်ပိုင်း အာရှ-အနောက်ပိုင်း အာရှစြင်္ကံ၊ တရုတ်-အင်ဒိုချိုင်းနား ကျွန်းဆွယ်စြင်္ကံ၊ တရုတ်-ပါကစ္စတန် စြင်္ကံ နှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စြင်္ကံ တို့ဖြစ်ကြသည်။

ယင်း စြင်္ကံ ၆ ခု ပေါင်းစည်း၍ ဥရောပ-အာရှ တစ်လျှောက် ကုန်သွယ်မှု နှင့် ပို့ဆောင်ရေးကွန်ရက်တစ်ခုကို ဖြစ်ပေါ်စေပြီး ဒေသတွင်း နှင့် ဒေသဖြတ်ကျော် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးနိုင်မည်ဖြစ်သည်။

(၇) ပြည်သူ အချင်းချင်း ပေါင်းစည်းမှု

ရထားလမ်းများနှင့် ဆိပ်ကမ်းများဖြင့် ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုများသည် နိုင်ငံအချင်းချင်းနီးကပ်စေကာ ခရီးသွားလာမှုနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ပိုမိုလွယ်ကူလာစေသကဲ့သို့ ခေတ်သစ်ပိုးမလမ်းကြီး ဖော်ဆောင်မှုှုသည် ပြည်သူ အချင်းချင်းပေါင်းစည်းမှုကိုလည်း အလေးထားဆောင်ရွက်ထားခြင်းဖြစ်သည်။

ဥဇဘက်ကစ္စတန်နိုင်ငံ တာ့ရှ်ကင့်မြို့ရှိ အထက်လွှတ်တော်၏ ဥပဒေပြုခန်းမဆောင်၌ ၂၀၁၆ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ရှီက မိန့်ခွန်းပြောကြားရာတွင် စိမ်းလန်းသော၊ ကျန်းမာသော၊ ထက်မြက်သော၊ ငြိမ်းချမ်းသော ခေတ်သစ်ပိုးလမ်းမကြီး တစ်ခုကို တည်ဆောက်ကြရန် တိုက်တွန်းခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုှု၏ အနာဂါတ်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့သည်။

(၇) မျှော်မှန်းချက်

တရုတ်နိုင်ငံ သမ္မတ က ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုှုသည် အာရှ-ပစိဖိတ် နှင့် အခြားဒေသများ အကြား ချိတ်ဆက်နိုင်မှု ပိုမိုမြင့်မားလာစေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစပျိုးအကောင်အထည်ဖော်ခြင်းနှင့် မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်မှုများတွင် စုပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်များကို ရှာဖွေပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ဘုံဖွံ့ဖြိုးတိုးတက်မှု နှင့် သာယာဝပြောမှု စိတ်ကူးအပေါ်အခြေခံထားသော ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုှု သည် လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူအများအပေါ် အကျိုးစီးပွားများ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ခေတ်သစ်ပိုးလမ်းမကြီးသည် တရုတ်နိုင်ငံက တစ်ကမ္ဘာလုံးအတွက် ဖြည့်ဆည်းပေးလိုက်သော အလွန်အရေးကြီးသည့် အများပြည်သူဆိုင်ရာအကျိုးစီးပွားတစ်ခုဖြစ်လာကြောင်း၊ ၎င်းကို တရုတ်နိုင်ငံက ပထမဆုံးအဆိုပြုခဲ့သော်လည်း ယခုအခါ အကျိုးအမြတ်များကို နိုင်ငံအားလုံးက ခံစားနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.