Politics, Law & Military
BRICS သည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား အင်ဂျင် ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ဈေးကွက်ဖော်ဆောင်ပေးနိုင်
ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဈေးကွက်ဖော်ဆောင်မှုတွင် BRICS အဖွဲ့သည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား အင်ဂျင် ဖြစ်လာမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ရှမိန်မြို့၌ ပြုလုပ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဈေးကွက်ဖော်ဆောင်ရေး ဆွေးနွေးပွဲ၏ အဖွင့်မိန့်ခွန်းပြောကြားရာတွင် သမ္မတရှီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသည် တောင်ပိုင်း-တောင်ပိုင်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လျင်လျင်မြန်မြန် ခိုင်မာအောင် ဖန်တီးနိုင်ရန် အတွက် မျှော်လင့်ထားကြောင်း နှင့် ကမ္ဘာကြီးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂ဝ၃ဝ ပန်းတိုင် ရည်မှန်းချက်ကို ဖြည့်စွက်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သမ္မတရှီက မှတ်ချက်ပြုပြောကြားခဲ့သည်။(Xinhua)