Connect with us

Politics, Law & Military

ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည်

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင်(ယာ) နှင့် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး ဘာဂ်ျရာကီတီရာဘာ မာဟီဒိုလ် (ဝဲ) တို့ ၂၀၁၆ခုနှစ် မေ၁၃ရက်တွင် ပေကျင်းမြို့၌တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး ဘာဂျ်ရာကီတီရာဘာ မာဟီဒိုလ် သည် တရုတ်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ စက်တင်ဘာ ၇ရက်မှ ၉ရက်အထိ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Geng Shuang က စက်တင်ဘာ ၄ရက်တွင်ပြောကြားခဲ့သည်။

Geng က တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံတော်ဝင်မိသားစု နှင့် အစဉ်အလာမပျက်ချစ်ခင်ရင်းနှီးမှုကို တန်ဖိုးထားပါကြောင်း နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တော်ဝင်မိသားစု ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင်ပါကြောင်း ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်.။

၎င်းက တရုတ်နိုင်ငံခေါင်းဆောင်များသည် ထိုင်းမင်းသမီးနှင့်တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းမှုဆိုင်ရာ ကိစ္စရပ်များတွင် အမြင်ချင်းဖလှယ်သွားမည်ဖြစ်ပြီး ထိုင်းမင်းသမီး၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ပေးနိုင်မည်ဟုမျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)