Politics, Law & Military
တရုတ်သမ္မတ အာရပ် နှင့် အာဖရိက ၅နိုင်ငံသို့ သွားရောက်ကာ BRICS ထိပ်သီးအစည်းအဝေး တက်ရောက်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇူလိုင် ၁၉ ရက်မှ ၂၄ရက်အထိ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဆီနီဂေါ၊ ရဝမ်ဒါ နှင့် တောင်အာဖရိက နိုင်ငံများသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ကာ ဂျိုဟန်နာ့စ်ဘတ်စ်မြို့တွင် ဇူလိုင် ၂၅ ရက်မှ ၂၇ရက် အထိ ကျင်းပမည့် ၁၀ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး သို့ တက်ရောက်သွားမည်ဖြစ်မည့်အပြင် မောရိသျှနိုင်ငံသို့လည်း ဝင်ရောက်ရပ်နား လည်ပတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇူလိုင် ၁၂ ရက်တွင်ပြောကြားခဲ့သည်။
ရှီသည် UAE သမ္မတ Sheikh Khalifa bin Zayed Al Nahyan၊ ဆီနီဂေါနိုင်ငံ သမ္မတ Macky Sall၊ ရဝမ်ဒါနိုင်ငံ သမ္မတ Paul Kagame နှင့် တောင်အာဖရိက နိုင်ငံ သမ္မတ Cyril Ramaphosa တို့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ခရီးစဉ် သွားရောက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
ရှီသည် သမ္မတ Ramaphosa ၏ ဖိတ်ကြားချက်အရ BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း လုခန်ကပြောကြားခဲ့သည်။ BRICS သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက နိုင်ငံတို့ပါဝင်သော လျင်မြန်စွာ ပေါ်ထွန်းလာသည့် ဈေးကွက်အုပ်စုနိုင်ငံများ၏ အတိုကောက်ဖြစ်ကြောင်း သိရသည်။ရှီ၏ အပြန်ခရီးစဉ်အတွင်း မောရိသျှနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဝင်ရောက်လည်ပတ်သွားမည်ဖြစ်ကြောင်း လုကပြောကြားခဲ့သည်။ (Xinhua)