Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဘူလ်ဂေးရီးယား၊ ဂျာမနီခရီးစဉ်များအပြီး ပေကျင်းသို့ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အား ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဇူလိုင် ၁၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ဘူလ်ဂေးရီးယားနိုင်ငံ နှင့် ဂျာမနီနိုင်ငံ များသို့ တရားဝင်ခရီးစဉ် သွားရောက်ပြီးနောက် ဇူလိုင် ၁၁ ရက်တွင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လီသည် အဆိုပါ နှစ်နိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ကာ ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာမြို့တွင် ကျင်းပခဲ့သော ၇ကြိမ်မြောက် တရုတ်နိုင်ငံ နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်းနိုင်ငံ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ၅ကြိမ်မြောက် တရုတ်နိုင်ငံ နှင့် ဂျာမနီနိုင်ငံ အကြား အစိုးရအချင်းချင်း ဆွေးနွေးညှိနှိုင်းပွဲ ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လီနှင့် အတူ ဇနီးဖြစ်သူ ချန်းဟုန် (Cheng Hong) ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံတော်ကောင်စီ အထွေထွေ အတွင်းရေးမှူး ရှောင်းကျယ် (Xiao Jie) ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း (He Lifeng) တို့လည်း ပေကျင်းမြို့ သို့ အဆိုပါလေယာဉ်ဖြင့်ပင် လိုက်ပါရောက်ရှိလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.