Politics, Law & Military
တရုတ်နိုင်ငံသမ္မတရှီက BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဘရာဇီးနိုင်ငံသို့သွားမည်

ပေကျင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဂရိနိုင်ငံသမ္မတ Prokopis Pavlopoulos နှင့် ဘရာဇီးနိုင်ငံသမ္မတ Jair Messias Bolosonaro တို့၏ ဖိတ်ကြားချက်အရ ဂရိနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ဘရာဇီးနိုင်ငံ ဘရာဇီးလီယာမြို့တော်၌ နိုဝင်ဘာ ၁၀ ရက် မှ ၁၅ ရက်အထိ ကျင်းပမည့် ၁၁ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဘရာဇီးနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ရင်က ယနေ့ နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
BRICS သည် ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် နှင့် တောင်အာဖရိက နိုင်ငံများဖြင့် ဖွဲ့စည်းထားသည် ဈေးကွက်သစ် လျင်မြန်စွာ ပေါ်ထွန်းလာနေသော နိုင်ငံများ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)