Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ဂရိနိုင်ငံသို့ နိုင်ငံတော် အလည်အပတ် ခရီးစဉ် အဖြစ် ရောက်ရှိ

တရုတ် နိုင်ငံ သမ္မတ ရှီ နှင့် ၎င်း၏ ဇနီး ဖြစ်သူ Peng Liyuan တို့အား ဂရိ နိုင်ငံ လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

 

အေသင် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂရိနိုင်ငံသို့ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု အစဉ်အလာ နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး တို့ကို ခိုင်မာစေရန် နိုဝင်ဘာ ၁၀ ရက်တွင် သုံးရက်ကြာ နိုင်ငံတော် အလည်အပတ် ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ၏ အကြီးအကဲ တစ်ဦး အနေဖြင့် ဉရောပတိုက်မှ ဂရိ နိုင်ငံသို့ ၁၁ နှစ်အတွင်း သွားရောက် လည်ပတ်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံ သမ္မတ ရှီ နှင့် ၎င်း၏ ဇနီး ဖြစ်သူ Peng Liyuan တို့အား ဂရိ နိုင်ငံ လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီ နှင့် ၎င်း၏ ဇနီး ဖြစ်သူ Peng Liyuan တို့အား လေဆိပ်၌ ဂရိ နိုင်ငံ အကြီးတန်း အရာရှိများက ကြိုဆိုခဲ့ကြသည်။

ဂရိ နိုင်ငံသို့ ရောက်ရှိချိန်တွင် တရုတ် နိုင်ငံ သမ္မတ ရှီက ဂရိ နိုင်ငံမှာ ရှည်လျားသော သမိုင်းကြောင်းများနှင့် ခမ်းနား ကြီးကျယ်သော သမိုင်းကြောင်းများ ပိုင်ဆိုင်ထားပြီး လူ့ယဉ်ကျေးမှု တိုးတက်ရေး အတွက် အထင်ကရ ဖြစ်သော ပံ့ပိုးမှုများအား ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ နှင့် ဂရိ နိုင်ငံတို့မှာ တစ်နိုင်ငံချင်းစီ၌ ကိုယ်ပိုင် ယဉ်ကျေးမှုများ ရှိပြီး ၎င်းတို့ အနေဖြင့် ချစ်ကြည် ရေး ဖလှယ်မှု ရှည်လျားသော သမိုင်းကြောင်းများလည်း ရှိကြကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ရှေးဟောင်း ယဉ်ကျေးမှုများ ရှိသည့် နိုင်ငံများ အဖြစ် တရုတ် နှင့် ဂရိ နှစ်နိုင်ငံမှာ ကွဲပြားသော ယဉ်ကျေးမှုများ အကြား အပြန်အလှန် ဖလှယ်မှုများနှင့် တွေ့ဆုံဆွေးနွေးမှုတို့ကို အထောက်အပံ့ ပေးပြီး သဟဇာတ ဖြစ်တည်မှုကို မြှင့်တင်ရန် ၎င်းက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီက တရုတ် နိုင်ငံ နှင့် ဂရိ နိုင်ငံတို့မှာ မကြာသေးမီ နှစ်များ အတွင်း နှစ်နိုင်ငံ ဆက်ဆံ ရေးတွင် ဖွံ့ဖြိုးတိုးတက်မှု မြင့်မားသော အဆင့်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ၊ မကြာခဏ အဆင့်မြင့် ဖလှယ်မှုများအား သက်သေအဖြစ် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု၏ နက်ရှိုင်းမှု တည်မြဲခြင်း ၊ ရပ်ဝန်းနှင့် ပိုးလမ်းမကြီး အဆိုပြုချက်(ခေတ်သစ် ပိုးလမ်းမကြီး)အောက်တွင် Piraeus ဆိပ်ကမ်း စီမံကိန်းမှ အကျိုးဖြစ်ထွန်းသော ရလဒ်များအား ထောက်ပြခဲ့သည်။

တရုတ် နိုင်ငံ နှင့် ဂရိ နိုင်ငံတို့သည် ကမ္ဘာ့ငြိမ်းချမ်းရေး ၊ တည်ငြိမ်အေးချမ်းရေး ၊ ဖွံ့ဖြိုး တိုးတက်ရေး နှင့် သာယာ ဝပြောရေးတို့ကို ပံ့ပိုးသော အဓိက နိုင်ငံတကာ နှင့် ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်များ အပေါ်တွင် နီးကပ်စွာ ဆက်ဆံရေး နှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီက တရုတ် နှင့် ဂရိ နှစ်နိုင်ငံလုံးသည် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါသော အဆင့်တွင် ရှိနေပြီး ယင်းမှာ နှစ်နိုင်ငံ၏ အဓိက အကျိုးစီးပွား ဖြစ်ကြောင်း နှင့် ပြည်သူများ အနေဖြင့် အပြန်အလှန် ဆက်ဆံရေး ပိုမို နက်ရှိုင်းစေရေး နှင့် လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှုတို့ကို တိုးချဲ့ရေးတို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက နှစ်နိုင်ငံ အကြား အနာဂတ် ပူးပေါင်း ဆောင်ရွက်မှုများ အတွက် အသေးစိတ် အစီအစဉ်များကို ပူးပေါင်း ရေးဆွဲရန် နှင့် ပြည့်စုံသော မဟာဗျူဟာ မိတ်ဘက် ကဏ္ဍသစ် ဖွင့်လှစ်နိုင်ရေး တို့ အတွက် အခြေအနေ အသစ်အောက် တွင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရေး အပေါ် ဂရိ နိုင်ငံ သမ္မတ Prokopis Pavlopoulos ၊ ဝန်ကြီးချုပ် Kyriakos Mitsotakis တို့နှင့်အတူ အမြင်များကို နက်ရှိုင်းစွာ ဖလှယ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဂရိ နိုင်ငံမှာ တရုတ် နိုင်ငံ သမ္မတ ရှီ၏ ဉရောပ နှင့် လက်တင် အမေရိက ခရီးစဉ်၏ ပထမဆုံး ရောက်ရှိခဲ့သည့် နိုင်ငံ ဖြစ်ကာ ဘရာဇီး နိုင်ငံသို့လည်း သွားရောက်မည် ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ဘရာဇီး နိုင်ငံ၌ ကျင်းပမည့် ၁၁ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)