Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ Christine Lagarde တွေ့ဆုံဆွေးနွေး


ပေကျင်း၊ဧပြီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီ ၂၄ ရက်က ပေကျင်းမြို့မဟာပြည်သူ့ခန်းမဆောင်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)အကြီးအကဲ Christine Lagardeနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် သမ္မတရှီက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)နှင့် တရုတ်

နိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံခြင်းအတွက် ဝမ်းသာပီတိဖြစ်မိကြောင်း ၊ ယခုအခါ ပိုးလမ်းမကြီးဖော်ဆောင်မှုတွင် ပါဝင်ကြသောနိုင်ငံများသည် များသည်ထက်များပြားလာရာ ၎င်းမှာ နိုင်ငံအသီးသီး ဖွံ့ဖြိုးမှုလိုအပ်ချက်နှင့်ကိုက်ညီ၍ အများလက်ခံကြိုဆိုမှုကိုရရှိခြင်း၏ သက်သေပင် ဖြစ်ကြောင်း ၊တရုတ်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှာ ပိုးလမ်းမကြီးဖော်ဆောင်မှုတွင် ပါဝင်ရန် ကြိုဆိုဖိတ်ခေါ်ကြောင်း ၊ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပိုးလမ်းမတစ်လျှောက်နိုင်ငံများ၏ အများပြည်သူ အကျိုးကို ပိုမိုဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အား အစဉ်အမြဲထောက်ခံကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ Christine Lagarde တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)အကြီးအကဲ Christine Lagardeကလည်း ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းသည် တရုတ်နိုင်ငံ၏ နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် ဦးဆောင်လမ်းပြနိုင်စွမ်းကို ဖော်ပြရာ တရုတ်နိုင်ငံ၏ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ထောက်ခံရာ တွင် ဦးဆောင်မှုအတွက် အထူးဝမ်းသာကျေနပ်မိပါကြောင်း ၊ ကမ္ဘာ့က တရုတ်နိုင်ငံကို လိုအပ်သလို ကမ္ဘာ့စီးပွားရေး တိုးတက်ရန်မှာ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ကင်းကွာ၍ မရနိုင် ကြောင်း ၊ တရုတ်နိုင်ငံ၏ စီးပွားရေးမူဝါဒများသည် တည်ငြိမ်ထိရောက်ကောင်းမွန်ကြောင်း ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)အနေဖြင့်လည်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက် ဆက်ဆံရေးကို အထူးအလေးထားပါကြောင်း ၊ တရုတ်နိုင်ငံ၏ ရေရှည်ထောက်ပံ့အားပေးသည့် အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး လက်တွဲဖော်ဆောင်ရေးတွင် ကူညီဆောင်ရွက်ပေးလိုကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.