Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


ပေကျင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ဧပြီ ၂၅ ရက် မှ ၂၇ ရက် ထိကျင်းပမည့် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုဖိုရမ်သို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဧပြီ ၂၄ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် သမ္မတရှီက တရုတ် နှင့် မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအပေါ် ဦးစွာမှတ်ချက်ပြုပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအစဉ်အလာချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်သယ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၊ နှစ်ဖက်အကျိုးစီးပွားဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် နှင့် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစွာရှေ့ဆက်သွားရန် တွန်းအားပေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လာမည့် ၂ဝ၂ဝ ပြည့်နှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၇ဝ ပြည့် အခါသမယတို့ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် အဆင့်အားလုံးတွင် ဆက်ဆံရေးကို တက်ကြွစွာ ဆောင်ရွက်သွားရန်နှင့် ပြည်သူအချင်းချင်း နှင့် ယဉ်ကျေးမှုဖလှယ်ခြင်းများကို ဆောင်ရွက်သွားသင့်ကြောင်း နှင့် ပြည်သူတို့၏စားဝတ်နေရေးနှင့်သက်ဆိုင်သော နယ်ပယ်များတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို ပို၍ လုပ်ဆောင်ရန် အလေးထားသွားရမည်ဖြစ်ကြောင်း ၊ သို့ပါ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက် စည်းလုံးညီညွတ်သော ပြည်သူထောက်ခံမှုဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် လူမှုဘဝတိုးတက်ရေးကို တရုတ်နိုင်ငံက ထောက်ခံအားပေးပါကြောင်း နှင့် မြန်မာအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုအပေါ် တရုတ်နိုင်ငံက ဂုဏ်ပြုပါကြောင်း ရှီက ဆိုသည်။

တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံရေး နှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန် နှင့် နယ်စပ်ဒေသနေပြည်သူများ၏ လုံခြုံမှု နှင့် ပုံမှန်လူမှုဘဝ ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်သွားရန် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း နှင့် ရှီက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် မြန်မာအစိုးရ၏ ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှု လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံက လွန်စွာချီးကျူးဂုဏ်ပြုပါကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီးမူဘောင်အောက်တွင် နှစ်ဖက်အကျိုးစီးပွားပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း နှင့် တရုတ်-မြန်မာ စီးပွားရေးစြင်္က ံဖွံ့ဖြိုးတိုးတက်အောင် အရှိန်မြှင့်တင်သွားရမည်ဖြစ်ကြောင်း ၊ သို့မှသာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နီးကပ်သော ၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးသည့် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုကို ကနဦးအစပြုကတည်းက ထောက်ခံအားပေးခဲ့ကြောင်း နှင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း နှင့် နှစ်ဖက်လက်တွဲပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း နှင့် ကမ္ဘာကြီး အတွက် ပိုမိုကောင်းမွန်မှုများကို ဦးတည်စေလိမ့်မည်ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရမည်ဖြစ်ကြောင်း နှင့် နှစ်ဖက်ပြည်သူများအတွက် ခိုင်မာသော အကျိုးစီးပွားများကို ဆောင်ကြည်းပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် လုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။

ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ အခြေခံစည်းမျဉ်းများ နှင့် ရည်ရွယ်ချက်များကို လက်ကိုင်ထား၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အပေါ် မြန်မာနိုင်ငံက ဂုဏ်ပြုပါကြောင်း နှင့် တရုတ်နိုင်ငံနှင့်အတူ အမျိုးမျိုးသောကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ၎င်းက ဆိုသည်။(Xinhua)