Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် အဇာဘိုင်ဂျန်နိုင်ငံသမ္မတ တို့ တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ Ilham Aliyev (ဝဲ) တို့ ပေကျင်းမြို့ ၌ ဧပြီ ၂၄ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ Ilham Aliyev တို့သည် ပေကျင်းမြို့ ၌ ဧပြီ ၂၅ရက်မှ ၂၇ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် မတိုင်မီ ဧပြီ ၂၄ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက အဇာဘိုင်ဂျန်နိုင်ငံသည် ဥရောပအာရှ ဒေသတွင် တရုတ်နိုင်ငံ၏ အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်တစ်ဦး ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု (BRI) တွင် တက်ကြွစွာ ပါဝင်တုံ့ပြန်သည့် ၅နိုင်ငံ အနက် တစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံသည် အဇာဘိုင်ဂျန်၏ နိုင်ငံရေးအခြေအနေများနှင့်အညီ အဇာဘိုင်ဂျန်ပြည်သူများက ရွေးချယ်ထားသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း နှင့် အဇာဘိုင်ဂျန်နိုင်ငံ၏ စီးပွားရေး နှင့် ပြည်သူများ၏ နေထိုင်မှုဘဝတိုးတက်ရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းမှုကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Aliyev က အဇာဘိုင်ဂျန်နိုင်ငံသည် တရုတ်နိုင်ငံအား ခိုင်မြဲသည့် သူငယ်ချင်းကောင်း၊ မိတ်ဖက်ကောင်းအဖြစ် သတ်မှတ်ထားပါကြောင်း၊ တရုတ်နိုင်ငံ အကျိုးအမြတ်များ နှင့် အဓိကကျသော အကြောင်းအရာများ နှင့် ပတ်သက်သည့် ကိစ္စရပ်များ၌ တရုတ်နိုင်ငံအား အပြည့်အဝ ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု (BRI) အစပြုခဲ့စဉ် ကတည်းက အဇာဘိုင်ဂျန်နိုင်ငံသည် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံသည် အကြမ်းဖက်မှု၊ ခွဲထွက်မှု နှင့် အစွန်းရောက်မှု များကို တရုတ်နိုင်ငံ နှင့် လက်တွဲကာ တိုက်ဖျက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.