Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံသို့ တင်သွင်းသော အစီရင်ခံအား နိုင်ငံခြားဘာသာ ၁၀ မျိုးဖြင့် ပုံနှိပ်ထုတ်ဝေ

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံ၌ အစီရင်ခံစာ ဖတ်ကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်မှ ၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံသို့ တင်သွင်းသည့် အစီရင်ခံစာအား နိုင်ငံခြားဘာသာ ၁၀ မျိုးဖြင့် ပုံနှိပ်ထုတ်ဝေ လိုက်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာ စာအုပ်အား နိုင်ငံခြားဘာသာ ပြန်ကြားရေးမှ ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပြီး လက်ရှိတွင် အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ဂျာမန်၊ ဂျပန်၊ ရုရှား၊ အာရေဗီ၊ ပေါ်တူဂီ၊ ဗီယက်နမ်နှင့် လာအို စသည့်ဘာသာစကားများဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကြေညာထားသည်။

တရုတ်နိုင်ငံ၏ သမ္မတ နှင့် ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီသည် ထို အစီရင်ခံစာအား ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာအား “ဘေးကင်းလုံခြုံကာ ခေတ်မီ ကြွယ်ဝချမ်းသာသော လူမှုအဖွဲ့အစည်း တစ်ရပ် အောင်မြင်စွာ တည်ဆောက်ခြင်းနှင့် ခေတ်သစ်တွင် တရုတ် သွင်ပြင်လက္ခဏာဖြင့် ဆိုရှယ်လစ်စနစ် မဟာအောင်မြင်မှု ရရှိရန်အတွက် ကြိုးစားခြင်း” ဟူ၍ ခေါင်းစဉ်ပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.