Politics, Law & Military
၁၉ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အထိ ပြုလုပ်မည်

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား မြို့တော် ပေကျင်း၌ အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အစည်းအဝေး အောက်တိုဘာ ၂၄ ရက်က ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
အဆိုပါ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအစည်းအဝေး၌ CPC ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ရှီကျင့်ဖိန်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)