Connect with us

Politics, Law & Military

FBC-1 ဗုံးကျဲလေယာဉ်တွင် အမျိုးသမီး လေယာဉ်မှူးများ ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်မည်

FBC-1 ဗုံးကျဲ လေယာဉ်တွင် တာဝန် ထမ်းဆောင်မည့် အမျိုးသမီး လေယာဉ်မှူး တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ လေတပ်ပိုင် FBC-1 ဗုံးကျဲ လေယာဉ်များတွင် ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး လေယာဉ်မှူးများ တာဝန် ထမ်းဆောင်တော့မည် ဖြစ်ကြောင်း PLA Daily သတင်းတွင် ဧပြီလ ၂၀ ရက်တွင် ဖော်ပြထားသည်။

ကျားသစ်ပျံ (Flying Leopard) ဟု လူသိများသည့် FBC-1 ဗုံးကျဲ တိုက်ခိုက်ရေး လေယာဉ်များအား တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ရှိ ရှီအန်း လေယာဉ် တည်ဆောက်ရေး လုပ်ငန်း ကော်ပိုရေးရှင်းမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်များ၌ အခန်း နှစ်ခန်း ပါဝင်ပြီး ရှေ့ခန်းတွင် လေယာဉ်မှူး ထိုင်ပြီး နောက်ခန်းမှ တွဲဘက် လေယာဉ်မှူးက လက်နက်များ အား ထိန်းချုပ် ကိုင်တွယ်သွားမည် ဖြစ်သည်။

လက်ရှိအချိန်အထိ အမျိုးသား လေယာဉ်မှူးများသာ တာဝန် ထမ်းဆောင်လျက် ရှိပြီး စွမ်းရည် ပြည့်ဝသော အမျိုးသမီး လေယာဉ်မှူးများ ခန့်အပ်ရန်နှင့် လေယာဉ်မှူး အခန်းများအား အမျိုးသမီး လေယာဉ်မှူးများ အတွက် ပိုမိုသင့်တော်စေရေး ပြုပြင် မွမ်းမံရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ အမျိုးသမီး လေယာဉ်မှူးများအား တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ လေတပ် အခြေစိုက်စခန်းတွင် လွန်ခဲ့သောနှစ် ဇူလိုင်လ ကတည်းက စတင် လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.