Connect with us

Politics, Law & Military

ရုရှား၊ ဂျာမနီ ချစ်ကြည်ရေးခရီးစဉ်များနှင့် G20 ထိပ်သီး အစည်းအဝေး တက်ရောက်ပြီးနောက် တရုတ် သမ္မတ ရှီကျင့်ဖိန် ပြန်လည် ရောက်ရှိ

ဂျာမနီနိုင်ငံရောက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ကြိုဆိုနေပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ၊ ဂျာမနီနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်များနှင့် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်သော ၁၂ ကြိမ်မြောက် G20 ထိပ်သီး အစည်းအဝေး တက်ရောက်ပြီးနောက် တရုတ်နိုင်ငံ ပေကျင်းသို့ ဇူလိုင်လ ၈ ရက်က ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်၊ ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier နှင့် ဝန်ကြီးချုပ် အန်ဂျလာ မာကဲတို့၏ ဖိတ်ကြားချက်ဖြင့် ဇူလိုင်လ ၃ ရက်မှ ၆ ရက်အထိ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့သလို ဇူလိုင်လ ၇ ရက်မှ ၈ ရက်အထိ ပြုလုပ်သော G20 ဟမ်းဘတ် ထိပ်သီး အစည်းအဝေးသို့လည်း တက်ရောက်ခဲ့သည်။ရှီသည် ဇူလိုင်လ ၈ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ပေကျင်းသို့ ပြန်လည် ထွက်ခွာခဲ့သည်။

သမ္မတ ရှီနှင့်အတူ သမ္မတကတော် ဖုန်းလိယွမ်၊ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို (CPC) ဗဟို ကော်မတီ အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ မူဝါဒရေးရာ သုတေသနရုံး ညွှန်ကြားရေးမှူး Wang Huning ၊ CPC ဗဟိုကော်မတီ အဖွဲ့ဝင်နှင့် ဒုတိယ ဝန်ကြီးချုပ် ဝမ်ယန်၊ CPC ဗဟိုကော်မတီ အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး လီကျန်းရှု၊ တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီတို့ ပြန်လည် လိုက်ပါလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.