Connect with us

Politics, Law & Military

ရုရှား၊ ဂျာမနီ ချစ်ကြည်ရေးခရီးစဉ်များနှင့် G20 ထိပ်သီး အစည်းအဝေး တက်ရောက်ပြီးနောက် တရုတ် သမ္မတ ရှီကျင့်ဖိန် ပြန်လည် ရောက်ရှိ

ဂျာမနီနိုင်ငံရောက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ကြိုဆိုနေပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ၊ ဂျာမနီနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်များနှင့် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်သော ၁၂ ကြိမ်မြောက် G20 ထိပ်သီး အစည်းအဝေး တက်ရောက်ပြီးနောက် တရုတ်နိုင်ငံ ပေကျင်းသို့ ဇူလိုင်လ ၈ ရက်က ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်၊ ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier နှင့် ဝန်ကြီးချုပ် အန်ဂျလာ မာကဲတို့၏ ဖိတ်ကြားချက်ဖြင့် ဇူလိုင်လ ၃ ရက်မှ ၆ ရက်အထိ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့သလို ဇူလိုင်လ ၇ ရက်မှ ၈ ရက်အထိ ပြုလုပ်သော G20 ဟမ်းဘတ် ထိပ်သီး အစည်းအဝေးသို့လည်း တက်ရောက်ခဲ့သည်။ရှီသည် ဇူလိုင်လ ၈ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ပေကျင်းသို့ ပြန်လည် ထွက်ခွာခဲ့သည်။

သမ္မတ ရှီနှင့်အတူ သမ္မတကတော် ဖုန်းလိယွမ်၊ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို (CPC) ဗဟို ကော်မတီ အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ မူဝါဒရေးရာ သုတေသနရုံး ညွှန်ကြားရေးမှူး Wang Huning ၊ CPC ဗဟိုကော်မတီ အဖွဲ့ဝင်နှင့် ဒုတိယ ဝန်ကြီးချုပ် ဝမ်ယန်၊ CPC ဗဟိုကော်မတီ အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး လီကျန်းရှု၊ တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီတို့ ပြန်လည် လိုက်ပါလာခဲ့ကြောင်း သိရသည်။ (Xinhua)