Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီ နိုင်ငံ ဟမ်းဘတ်မြို့တော်ဝန် တို့ တွေ့ဆုံ ၊ “ခေတ်သစ်ပိုးလမ်းမကြီး” နှင့် ပတ်သက်၍ ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဟမ်းဘတ်မြို့တော်ဝန် Olaf Scholz တို့ တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

ဟမ်းဘတ် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇူလိုင်လ ၆ ရက်နေ့တွင် ဟမ်းဘတ်မြို့၌ ဟမ်းဘတ်မြို့တော်ဝန် Olaf Scholz နှင့် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း ရှီကျင့်ဖိန် က ဟမ်းဘတ်မြို့သည် ဂျာမနီ နိုင်ငံ ၏ အရေးပါသည့် ဆိပ်ကမ်းမြို့ဖြစ်ပြီး တရုတ် နိုင်ငံ နှင့် ရှည်လျားသည့် သမိုင်းအစဉ်အလာများ ရှိကြောင်း ၊ တရုတ် နိုင်ငံ နှင့် အစောဆုံး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သည့် ဥရောပ တိုက်မှ မြို့တစ်မြို့အပါအဝင်ဖြစ်ကြောင်း ၊ ယခုချိန်တွင် တရုတ်-ဂျာမနီ နှစ်နိုင်ငံ ကို ပေါင်းစပ်ပေးသော တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှု အတွက် အရေးပါသည့် ပေါင်းကူးတံတား ဖြစ်လာခဲ့ကြောင်း ၊ ထို့ပြင် ဟမ်းဘတ်မြို့သည် ဂျာမနီ တွင်သာမက ဥရောပ တိုက်အတွင်း တရုတ်လုပ်ငန်း ကုမ္ပဏီ များ အများဆုံးစုဝေးရာ မြို့တစ်မြို့အပါအဝင် ဖြစ်လာကြောင်း ၊ ဟမ်းဘတ်မြို့သည် အာရှ-ဥရောပ အပြန်အလှန် ချိတ်ဆက်မှု အတွက် တွန်းအားပေး ဆောင်ရွက်ခဲ့ကာ “ခေတ်သစ်ပိုးလမ်းမကြီး” တည်ဆောက်ရေးတွင်လည်း တမူထူးခြားသည့် ပထဝီ အနေအထား အားသာချက် တည်ရှိကြောင်း ၊ ဟမ်းဘတ်မြို့သည် အာရှ-ဥရောပ ကို ချိတ်ဆက်ပေးသည့် ရေကြောင်းပိုးလမ်းမကြီး အတွက် အရေးပါသည့် ဆိပ်ကမ်း တစ်ခုဖြစ်သည့် အပြင် အာရှ-ဥရောပ ကုန်စည်ပို့ဆောင်ရေး အတွက် အရေးပါသည့် နောက်ဆုံး ပန်းတိုင်မြို့ ဖြစ်ကြောင်း ၊ ဟမ်းဘတ်မြို့တော်ဝန် က တရုတ်လုပ်ငန်း ကုမ္ပဏီ များအား အမြဲတန်း ကြိုဆိုကြောင်း အကြိမ်ကြိမ် ပြောကြား ခဲ့သည့် အပေါ် မိမိ အနေဖြင့် ချီးမွမ်း ပြီး တရုတ် နိုင်ငံ အနေဖြင့် ဟမ်းဘတ်မြို့အား “ခေတ်သစ်ပိုးလမ်းမကြီး”တည်ဆောက်မှု တွင် ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ၊ ဟမ်းဘတ်မြို့ရှိ ကဏ္ဍအသီးသီး နှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီး နှစ်ဘက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အားအင်သစ်များ ဖြည့်စွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် က တရုတ် နိုင်ငံ အနေဖြင့် ဂျာမနီ နိုင်ငံ မှ G20 ထိပ်သီး အစည်းအဝေး ကို အောင်မြင်စွာ ကျင်းပ နိုင်ရန် ထောက်ခံပေးသွားမည် ဖြစ်ကြောင်း ၊ ပြီးခဲ့သည့်နှစ်က တရုတ် နိုင်ငံ တွင် ကျင်းပ ခဲ့သည့် G20 ထိပ်သီးအစည်းအဝေး ကို အခြေခံ၍ ပိုမိုများပြားသည့် အောင်မြင်မှုများ ရရှိစေလိုကြောင်း ပြောကြား ခဲ့သည်။

Scholz က ရှီကျင့်ဖိန် မှ ဂျာမနီ နိုင်ငံ သို့လာရောက်ကာ G20 ထိပ်သီးအစည်းအဝေး ကို တက်ရောက်သည့် အတွက် ကြိုဆိုကြောင်း ၊ ဟမ်းဘတ်မြို့သည် ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ပြီး ဂျာမနီ-တရုတ် နှင့် ဥရောပ-တရုတ် ကုန်သွယ်ရေး တွင် ထင်ရှားသည့် အနေအထား တည်ရှိသော မြို့တစ်မြို့ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ လုပ်ငန်း ကုမ္ပဏီ များစွာ သည် ဟမ်းဘတ်မြို့ တွင် အခြေစိုက်ပြီး ဥရောပ-တရုတ် ကုန်သွယ်ရေး သည်လည်း ဟမ်းဘတ်မြို့မှ တစ်ဆင့် ဆောင်ရွက် ခဲ့ကြောင်း ၊ ဟမ်းဘတ်မြို့ အနေဖြင့် “ခေတ်သစ်ပိုးလမ်းမကြီး”ဖော်ဆောင်မှု ကို ထောက်ခံအားပေးပြီး သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များတွင် ပါဝင်သွားလိုကြောင်း ၊ အပြန်အလှန် ချိတ်ဆက်မှု တည်ဆောက်ခြင်းသည် ပိုမိုကောင်းမွန်သည့် ကမ္ဘာမြေကြီး တည်ဆောက်သွားနိုင်မည် ကို ယုံကြည်ကြောင်း ၊ ဟမ်းဘတ်မြို့အနေဖြင့် တရုတ် နိုင်ငံ နှင့် ကဏ္ဍအသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်၍ ဂျာမနီ-တရုတ် နှင့် ဥရောပ-တရုတ် ဆက်ဆံရေး အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဘာလင်မြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ပြီး ဟမ်းဘတ်မြို့ သို့ရောက်ရှိကာ ၁၂ ကြိမ်မြောက် G20 ထိပ်သီး အစည်းအဝေး ကို တက်ရောက် ခဲ့ခြင်းဖြစ်သည်။ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဟမ်းဘတ်လေဆိပ် သို့ရောက်ရှိချိန်တွင် ဟမ်းဘတ်မြို့တော်ဝန် Olaf Scholz က လာရောက်ကြိုဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.