Connect with us

Politics, Law & Military

LegCo အတွက် တာဝန်များ ဆက်လက်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဟောင်ကောင်အုပ်ချုပ်ရေးမှူးက NPC အမြဲတမ်းကော်မတီအား ကျေးဇူးတင်စကားဆို

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဟောင်ကောင်တွင် COVID-19 ရောဂါ ပြင်းထန်လာသည့်အတွက် LegCo ရွေးကောက်ပွဲရွှေ့ဆိုင်းကြောင်း ဇူလိုင် ၃၁ ရက်က ထုတ်ဖော်ကြေညာနေစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကော်မတီအနေဖြင့် ဟောင်ကောင်၏ ၆ ကြိမ်မြောက် ဥပဒေပြုကောင်စီ(LegCo) အား တာဝန်များဆက်လက်ထမ်းဆောင်ရန် ခွင့်ပြုပေးခဲ့ခြင်း နှင့် ယခုနှစ်အတွက် ၇ ကြိမ်မြောက် LegCo  ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ဥပဒေပြုရေးတွင် ကြုံတွေ့နေရသော ကြားကာလ( အဟ) အစိတ်အပိုင်းတစ်ခုအား ဖြေရှင်းပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။  

ဟောင်ကောင်တွင် COVID-19 ကပ်ရောဂါအခြေအနေ ပြင်းထန်စွာ ကြုံတွေ့နေရသဖြင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးသည် ဟောင်ကောင်အမှုဆောင်ကောင်စီနှင့်အတူ ညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်ပြီးနောက် အများပြည်သူတို့၏ ဘေးကင်းလုံခြုံရေး နှင့် ကျန်းမာရေး ကို ကာကွယ်စောင့်ရှောက်ရန် အလို့ငှာ LegCo ရွေးကောက်ပွဲအား ပွင့်လင်းစွာ နှင့် မျှတစွာကျင်းပနိုင်ရန်အလို့ငှာ မူလက စက်တင်ဘာ ၆ ရက်တွင် ကျင်းပရန် ရည်ရွယ်ထားသော LegCo အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းပြီး အချိန်တစ်နှစ်နောက်ဆုတ်ရန်  ဟောင်ကောင်အစိုးရက ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဟောင်ကောင်တွင် COVID-19 ရောဂါ ပြင်းထန်လာသည့်အတွက် LegCo ရွေးကောက်ပွဲရွှေ့ဆိုင်းကြောင်း ဇူလိုင် ၃၁ ရက်က ထုတ်ဖော်ကြေညာနေစဉ်(ဆင်ဟွာ)

ဟောင်ကောင်အခြေခံဥပဒေ၏ ပုဒ်မ ၆၉ ခုတွင် တိတိကျကျ ဖော်ပြထားသည်မှာ ပထမသက်တမ်းတွင် အချိန်နှစ် နှစ်ဟူသော ချွင်းချက်မှ လွဲ၍ ဟောင်ကောင်(HKSAR) ဥပဒေပြုကောင်စီ တရားဝင် သက်တမ်းကို အချိန် ၄ နှစ် သတ်မှတ်ပြဌာန်းထားသည်။ ထို့ကြောင့် လက်ရှိ LegCo ၏ သက်တမ်းသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး  ၇ ကြိမ်မြောက် LegCo အား မဖွဲ့စည်းမှီ HKSAR ၏ ဥပဒေပြုရေးဆိုင်ရာတွင် ကြားကာလ အဟတစ်ခု ရှိနေလိမ့် မည်ဖြစ်သည်။

ယင်းပြဿနာအား ဖြေရှင်းရန် ဟောင်ကောင်အမှုဆောင်ကောင်စီက ဆုံးဖြတ်ချက်ချမှတ်ပြီးနောက်တွင်  ဟောင်ကောင်အုပ်ချုပ်ရေးမှူးသည် ယင်းအား ထောက်ခံရန် နှင့် လမ်းညွှန်ချက်ပေးရန် ဗဟိုအစိုးရထံ အစီရင်ခံစာတစ်စောင်ကို ချက်ချင်းတင်သွင်းခဲ့သည်။

တရုတ်နိုင်ငံတော်ကောင်စီက ၇ ကြိမ်မြောက် LegCo ရွေးကောက်ပွဲ တစ်နှစ်ရွှေ့ဆိုင်းရန် ဟောင်ကောင်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ထောက်ခံကြောင်း  အကြောင်းပြန်ကြားခဲ့သည်။ ယင်းသည် ဥပဒေပြုရေးတွင် ကြားကာလ(အဟ) တစ်ခု နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုအတွက် NPC အမြဲတမ်းကော်မတီ၏ ဥပဒေ နှင့်အညီ ပြုလုပ်သော တင်သွင်းချက်တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက NPC အမြဲတမ်းကော်မတီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေခံဥပဒေပြဌာန်းချက် နှင့် ဟောင်ကောင်အခြေခံဥပဒေ ပြဌာန်းချက်များနှင့် အညီ အခွင့်အာဏာဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ရွေးကောက်ပွဲရွှေ့ဆိုင်းရာတွင် ကြုံတွေ့နေရသည့် ဥပဒေပြုရေးဆိုင်ရာ ကွင်းဆက်အဟတစ်ခုကို အပြည့်အဝ ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းမှာ ဟောင်ကောင်၏ အခြေခံဥပဒေ နှင့် တရားဝင် အမိန့်ပြဌာန်းချက်ကို ထိန်းသိမ်းခြင်း ဖြစ်ရုံမျှသာမက ဟောင်ကာင်အစိုးရ၏ ပုံမှန် အစိုးရယန္တရား နှင့် ဟောင်ကောင်လူမှုအသိုက်အဝန်း၏ ပုံမှန်လည်ပတ်မှုကိုလည် သေချာခိုင်မာစေကြောင်း လမ်းက ဆိုသည်။

ယင်းဆုံးဖြတ်ချက်သည် ဟောင်ကောင်အတွက် ဗဟိုအစိုးရက နောက်ထပ်တစ်ကြိမ် ထောက်ခံအားပေးမှု နှင့် ဂရုစိုက်မှုကို ဖော်ညွှန်း ပြသခြင်းလည်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ယင်းဆုံးဖြတ်ချက်အရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက် နောက်ပိုင်းတွင် ၆ကြိမ်မြောက် LegCo သည် ဟောင်ကောင်တွင် ၇ကြိမ်မြောက် LegCo ရွေးကောက်ပွဲပြီးမြောက်သည်အထိ ကြားကာလ တစ်နှစ်ထက်မပိုသော အချိန်အတွက် ၎င်း၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။

ယင်းဖြစ်ဆုံးဖြတ်ချက်က ၇ ကြိမ်မြောက် LegCo အနေဖြင့် ဥပဒေနှင့်အညီ ဖွဲ့စည်းပြီးနောက် လေးနှစ်သက်တမ်း တစ်ကြိမ် ထမ်းဆောင်ခွင့်ရရှိမည်ကို ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။

ဟောင်ကောင်အစိုးရသည် NPC အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) အမြဲတမ်းကောင်မတီ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်သော ထုတ်ပြန်ချက် အမိန့်စာကို အများပြည်သူတို့အား ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)