Connect with us

Politics, Law & Military

စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း သည် ကပ်ရောဂါ တိုက်ဖျက်ရန် အတွက် အကောင်းဆုံးသော လက်နက် ဖြစ်ကြောင်း ကုလသမဂ္ဂ တွင် တရုတ် နိုင်ငံ ပြောကြား

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်း အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်း က သြဂုတ် ၁၂ ရက် ၌ လုံခြုံရေး ကောင်စီ တွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း သည် နိုင်ငံတကာ အသိုင်းဝိုင်းက ကပ်ရောဂါ အား အောင်မြင်စွာ တိုက်ဖျက်နိုင်ရန်အတွက် အကောင်းဆုံးသော လက်နက် ဖြစ်ပြီး တိုက်ခိုက်မှု ဖြစ်ပွားနေသည့် နိုင်ငံများ တွင် ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အားနည်းနေသည့် အပိုင်း ဖြစ်ရာ ၎င်းတို့ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အတွက် ကူညီဆောင်ရွက်ပေးခြင်း နှင့် ငြိမ်းချမ်းရေး အသီးအပွင့်များအား ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်း သည် အရေးပါဆုံး အရာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကျန်းကျွင်း က တိုက်ခိုက်နေကြသူများ အနေဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး ကို အမြန်ဆုံး လက်တွေ့အကောင်အထည် ဖော်သွားရန် တိုက်တွန်းကြောင်း ၊ ကုလသမဂ္ဂ နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကို ထောက်ခံအားပေးသွားပြီး နိုင်ငံတကာ အသိုင်းအဝိုင်း တွင် မူဝါဒ ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု ကို တိုးချဲ့သွားရမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာ အသိုင်းအဝိုင်း က အရင်းအမြစ် ထည့်သွင်းမှု ကို တွန်းအားပေး ဆောင်ရွက်ပြီး တိုက်ခိုက်မှု ဖြစ်ပွားနေသည့် နိုင်ငံများ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း ဆောင်ရွက်ရန် အတွက် ကူညီပေးသွားရမည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပွား လာမည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ရလာဒ် များ ကို တည့်မတ်စွာ ရှုမြင်သွား ပြီး တစ်ဖတ်သတ် အရေးယူပိတ်ဆို့မှုအား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ထိုနောက် ကျန်းကျွင်း က COVID-19 ရောဂါ စတင်ဖြစ်ပွားချိန် မှ စ၍ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့ပြီး လိုအပ်နေသည့် နိုင်ငံများအား အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ လတ်တလောရက်ပိုင်း အတွင်း ကျင်းပပြုလုပ်ခဲ့သည့် တရုတ်-အာဖရိက စည်းလုံးညီညွတ်စွာ ကပ်ရောဂါ တိုက်ဖျက်ရေး အထူးအစည်းအဝေး တွင် တရုတ်-အာဖရိက စည်းလုံးညီညွတ်စွာ ကပ်ရောဂါ အား တိုက်ဖျက်မည့် ဆုံးဖြတ်ချက် ကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အာဖရိက သက်ဆိုင်ရာ နိုင်ငံ များ ၏ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် ပေးအပ်ရမည့် အတိုးမဲ့ချေးငွေ များကို ပယ်ဖျက်ပေးရန် ဆုံးဖြတ် လိုက်ပြီး ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ ကာကွယ်ဆေး တီထွင်ထုတ်လုပ်ပြီး ပါက ကမ္ဘာ့အများပြည်သူ ၏ ကုန်ပစ္စည်းအဖြစ် သတ်မှတ်သွားမည် ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ ကာကွယ်ဆေးအသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ ကပ်ရောဂါကြောင့် သက်ရောက်မှု ဖြစ်စေခဲ့သည့် နိုင်ငံများအား ဆေးဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆေးဝါးကုသမှု အတွေ့အကြုံကို မျှဝေပေးကာ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ပညာရှင်အဖွဲ့များ စေလွှတ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)