Connect with us

Politics, Law & Military

LegCo ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ခြင်းအပေါ် ဟောင်ကောင်ဒေသခံများ ထောက်ခံ

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်တွင် တရုတ်နိုင်ငံတော်အလံ နှင့် ဟောင်ကောင်အလံအား ပူးတွဲ လွှင့်ထူထားသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

ဟောင်ကောင်တွင် COVID-19 ကပ်ရောဂါအခြေအနေ ကြီးထွားလာနေစဉ် ၂၀၂၀ ပြည့်နှစ် ဥပဒေပြုကောင်စီရွေးကောက်ပွဲ(LegCo) အား ရွှေ့ဆိုင်းလိုက်ခြင်းအပေါ် ဟောင်ကောင်ဒေသခံများက ထောက်ခံကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက မူလက စက်တင်ဘာတွင် ကျင်းပရန် စီစဉ်ထားသည့် ယခုနှစ်အတွက် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်ကို ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်တွင် COVID-19 ရောဂါကူးစက်ခံရသူ ၃,၅၀၀ ကျော်ရှိလာပြီး သေဆုံးသူ ၃၇ ဦးရှိလာသောကြောင့် ရွေးကောက်ပွဲအား မူလ သတ်မှတ်ချိန်အတိုင်းကျင်းပမည်ဆိုပါက မဲပေးရန် မှတ်ပုံတင်ထားသော မဲဆန္ဒရှင် ၄.၄ သန်း နှင့် မဲရုံဝန်ထမ်း ၃၄,၀၀၀ အတွက် ရွေးကောက်ပွဲကျင်းပချိန်တွင် ရောဂါကူးစက်နိုင်ချေမြင့်တက်နေလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

“ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တာက ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့ဘေးကင်းမှုအတွက်ပဲ ဖြစ်ပါတယ်” ဟု ဟောင်ကောင်ဒေသခံတစ်ဦးဖြစ်သူ မျိုးရိုးအမည် “ကို” က ပြောကြားခဲ့သည်။ ၎င်းက ဟောင်ကောင်ကျွန်းပေါ်တွင် ဒေသခံများ ရောဂါကူးစက်မှု မခံရစေရန် လုံခြုံရေးထိန်းသိမ်းဆောင်ရွက်ပေးနေသူတစ်ဦးလည်း ဖြစ်သည်။

နေ့စဉ်နှင့်အမျှ လူရာပေါင်းများစွာ ဝင်ထွက်သွားလာနေသော ၊ နေထိုင်နေသော ဟောင်ကောင်ဒေသတွင်  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် တာဝန်ယူဆောင်ရွက်ပေးနေသူတစ်ဦးအနေဖြင့် Ko က “ LegCo ရွေးကောက်ပွဲအကြောင်းတော့မပြောပါဘူး။ မဲဆန္ဒရှင် သန်းနဲ့ချီပြီး မဲပေးဖို့ လမ်းပေါ်ထွက်လာမယ့်ကိစ္စဟာ ရောဂါကူးစက်မှု အန္တရာယ်သိပ်ကြီးမားပါတယ်” ဟု ဆိုသည်။

အစိုးရအနေဖြင့် ဂရုတစိုက်ပြုမူဆောင်ရွက် တွေးတောဆင်ခြင်ရမည်ဖြစ်ကြောင်း နှင့် ရွေးချယ်စရာမရှိကြောင်း ၊ သို့သော် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန်သာရှိကြောင်း ၎င်းက ဆိုသည်။ Ko က“ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်ရော ကျွန်တော့်ဇနီးပါ သဘောတူ ထောက်ခံကြတယ် ၊ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးဟာ ပထမဦးစားပေးပဲ ဖြစ်ရမယ်”ဟု ဆိုသည်။

ကပ်ရောဂါအနေအထားသည် အားပျော့သွားမည့် လက္ခဏာ မရှိသေးကြောင်း ဟောင်ကောင်ရှိ  ငွေကြေးကုမ္ပဏီ တစ်ခုတွင် လုပ်ကိုင်နေသူ  Chun က ပြောကြားခဲပြီး ၎င်းအနေဖြင့် ၎င်း၏ ဝန်ထမ်းများကို နေအိမ်တွင် လုပ်ကိုင်ဆောင်ရွက်ခြင်း “ work at home” အတွက် အထူး အားပေးခဲ့ကြောင်း ဆိုသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများနှင့် မဲရေတွက်မှု လုပ်ငန်းစဉ်များ စသည့် များစွာသော ရွေးကောက်ပွဲ လုပ်ငန်းဆောင်တာများသည် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ပိုမို ဖြစ်ပေါ်စေရန် ပေါင်းစပ်ပေးမည့် လမ်းကြောင်းများ ဖြစ်လာနိုင်ကြောင်း Chun က ဆိုသည်။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ခြင်းက မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်နေသည့် ဟောင်ကောင်စီးပွားရေးကို နဂိုမူလလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တွန်းအားပေးရန် နှင့် ဒေသခံများ၏ ဘေးကင်း လုံခြုံရေး ပိုမိုစိတ်ချစေရန် အတွက် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

 ကပ်ရောဂါ ကူးစက်မှုကြောင့် စားသောက်ဆိုင်များ၏ စုစုပေါင်းဝင်ငွေသည် ဒုတိယနှစ်ဝက်တွင် နှစ်စဉ် တိုးတက်မှုနှုန်း၏ ၂၅.၉ ရာခိုင်နှုန်းထိ ရုတ်တရက်ထိုးကျသွားပြီး လက်လီအရောင်းဆိုင်များ၏ ရောင်းအားသည်လည်း လွန်ခဲ့သော တစ်နှစ် ပထမနှစ်ဝက်ဖြင့် နှိုင်းယှဉ်ပါက ၃၃.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ကို တရားဝင်ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ကပ်ရောဂါကို အနည်းငယ်မျှသာ ထိန်းချုပ်နိုင်ပြီးနောက်တွင် ပြည်သူများအနေဖြင့် စားသောက်ဆိုင်များ ၊ ဈေးဆိုင်များသို့ သွားရောက်ကြလိမ့်မည်ဖြစ်ကြောင်း နှင့် လုပ်ငန်းကြီးများနှင့် လက်လီအရောင်ဆိုင်များ အနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် လုပ်ဆောင်ကြလိမ့်မည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသခံတစ်ဦးဖြစ်သူ မျိုးရိုးအမည် Lee က ဆိုသည်။ “ ဟောင်ကောင် HKSAR အစိုးရအနေနဲ့ ရောဂါကူးစက်မှု  ကွင်းဆက်တွေကို ဖြတ်တောက်ပစ်ဖို့နဲ့ လူစုလူဝေး ရှောင်ရှားဖို့အတွက် တက်တက်ကြွကြွနဲ့မှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ဟောင်ကောင်ကျွန်းပေါ်တွင် COVID-19 ရောဂါ နောက်ဆုံးရိုက်ခတ်ခဲ့သော လှိုင်းဒဏ်ကို Wong Tai Sin ခရိုင်က အဆိုးရွားဆုံး ခံစားခဲ့ရသည်။ယင်းခရိုင်အတွင်းရှိ Choi Hung အိမ်ရာ၏ လူမှုအသိုက်အဝန်း ဦးစီးဦးဆောင် တစ်ဦးဖြစ်သူ So Ka-Lok က အဆိုပါ ဒေသရှိ လူမှုအသိုက်အဝန်းတွင် အတည်ပြုလူနာပေါင်း ၂၂ ဦးရှိကြောင်း နှင့် ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာမည်ကို ၎င်းအနေဖြင့် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကာလ မျှော်လင့်ထားသော လူစုလူဝေးများအတွင်း မဲဆန္ဒရှင်များအနေဖြင့် ရောဂါကူးစက်ခံရနိုင်ချေရှိ မရှိဆိုသည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ အာမခံနိုင်လိမ့်မည်မဟုတ်ကြောင်း So က ပြောကြားခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံ ပြည်မကြီး နှင့် အခြားကမ္ဘာ့နိုင်ငံများသို့ ရောက်ရှိနေသော အချို့မဲဆန္ဒရှင်များအနေဖြင့်လည်း လတ်တလောတွင် ဟောင်ကောင်သို့ ပြန်လာနိုင်ကြလိမ့်မည်မဟုတ်ကြောင်း ၊ အကယ်၍ ရွေးကောက်ပွဲကို မူလစီစဉ်ထားသည့်အတိုင်း လုပ်ဆောင်မည်ဆိုပါက ၎င်းတို့၏ မဲပေးပိုင်ခွင့် ဆုံးရှုံးရနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဟောင်ကောင် အသိုက်အဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လမ်းကြောင်းများ ဆန့်ကျင်တိုက်ဖျက်ရေးဟူ၍ အမည်ပေးထားသော လူမှု အဖွဲ့အစည်းတစ်ခုကလည်း ရွေးကောက်ပွဲ အချိန် တစ်နှစ်နောက်ဆုတ်ရန် အစိုးရ၏ ဆုံးဖြတ်ချက်အား ထောက်ခံကြောင်း ပြသရန်အတွက် ပြီးခဲ့သော ဇူလိုင် ၃၁ ရက်မှစတင်ကာ အွန်လိုင်းမှတစ်ဆင့် ထောက်ခံ လက်မှတ်များစုဆောင်းခဲ့ရာ လက်မှတ်ပေါင်း ၈၅၀,၀၀၀ ကျော်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ 

ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်အပေါ် ယင်းမှာ ပိုမိုသင့်လျော်မှန်ကန်မှုရှိသည်ဟု အကဲခတ် လေ့လာသူများစွာ ကလည်း ယုံကြည်နေကြသည်။ မဲပေးရန် လူပေါင်းများစွာ စုဝေးရောက်ရှိကြမည့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် ရောဂါကူးစက်မှု ကွင်းစက်ကို ဖြတ်တောက်ရန် နှင့် ထိရောက်မှုရှိသော ယန္တရားတစ်ခုအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းလည်း ၎င်းတို့က ယုံကြည်နေသည်။ 

တစ်နှစ်တာကာလ အချိန် ကြာခံ ဆောင်ရွက်ခြင်းနှင့်အတူ ဟောင်ကောင်အနေဖြင့် COVID-19 ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် ပိုမိုအလေးပေးနိုင်မည် ဖြစ်သလို နှင့် ယန္တရားတစ်ခုကိုလည်း တည်ဆောက်နိုင်လိမ့်မည်ဖြစ်ကြောင်း နှင့် စီးပွားရေး ပြန်လည်နလံထူရန် ဖော်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း လေ့လာသူများက ဆိုကြသည်။(Xinhua)