Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ပြည်သူလူထု အနေဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကဲ့သို့သော သူများကြောင့် ကြောက်လန့်မည် မဟုတ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို ၏ တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အပေါ် ဆက်တိုက် စွပ်စွဲမှုများ နှင့် ပတ်သက်၍ တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ယင်းစွပ်စွဲချက်များကို လက်ခံကြမည် မဟုတ်ဘဲတရုတ် နိုင်ငံ ပြည်သူလူထုတို့ အနေဖြင့်လည်း ကြောက်လန့်မည် မဟုတ်ကြောင်း မိုက်ပွမ်ပီယို ကဲ့သို့သောသူ များ၏ ရည်ရွယ်ချက်ကလည်း အောင်မြင်မည်မဟုတ်ကြောင်း ဇူလိုင် ၃၁ ရက် ၌ ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

မိုက်ပွမ်ပီယို က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦး အနေဖြင့် အမေရိကန် နိုင်ငံ ပြည်သူလူထု တို့ COVID-19 ရောဂါကြောင့် ကျန်းမာရေး နှင့် စီးပွားရေး အခက်အခဲများ နှင့် ကြုံတွေ့နေချိန်တွင် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် မစဉ်းစားခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ပြည်သူလူထု ကျန်းမာရေး နှင့် အလုပ်အကိုင် ရရှိနိုင်ရေး အတွက် ဆောင်ရွက်မှု ပြုလုပ်ခြင်း မရှိခဲ့ဘဲ ကောလာဟလ အမျိုးမျိုး ဖြန့်ဝေကာ မဟုတ်မမှန်ပြောဆိုခြင်းဖြင့် တရုတ် နိုင်ငံ အား နာမည်ဖျက် ကာ အာရုံလွှဲအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဝမ်းဝန်ပင်း က ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်းဝန်ပင်း က မိုက်ပွမ်ပီယို ၏ တရုတ် နိုင်ငံအား တိုက်ခိုက်သည့် အပြောအဆို များသည် အမှန်အမှား အား ပြောင်းပြန်ပြောဆိုမှု ဖြစ်ကာ နိုင်ငံရေးလိမ်လည်မှု သက်သက်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ရပ်တည်မှုအား အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ဝေဖန်သုံးသပ်မှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ၊ လတ်တလောရက်ပိုင်း အတွင်း အမေရိကန် သက်ဆိုင်ရာ အဖွဲ့အစည်း ၏ ထုတ်ပြန်ခဲ့သည့် သုတေသန အစီရင်ခံစာတွင် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၏ ဦးဆောင်မှု အောက်တွင် တရုတ် နိုင်ငံ ပြည်သူလူထု တို့ ၏ အစိုးရ အပေါ် ယုံကြည်မှု သည် ၉၅ ရာခိုင်နှုန်းရှိပြီး သုတေသနလုပ်ခဲ့သည့် နိုင်ငံ များတွင် အဆင့်တစ် နေရာ တွင် ရှိကြောင်း ၊ အချို့နိုင်ငံခေါင်းဆောင်များ အနေဖြင့်လည်း မိမိ နိုင်ငံ အကျိုးစီးပွားပေါ် မူတည်၍ တရုတ် နိုင်ငံ နှင့် ပတ်သက်သော မူဝါဒ ချမှတ်သွားမည် ဖြစ်ပြီး အမေရိကန်နောက် အကြောင်းမဲ့ လိုက်ပါ ဆောင်ရွက်သွားမည် မဟုတ်ဟု ထုတ်ပြန်ကြေညာ ခဲ့ကြောင်း ၊ ဉာဏ်ပညာမဲ့သော ၊ မိမိကိုယ်ကို အထင်ကြီးသော ၊ မုန်းတီးသော ဆောင်ရွက်မှု များအား နိုင်ငံခြားရေး မူဝါဒ ၏ အခြေခံ အဖြစ် မဆောင်ရွက် နိုင်ကြောင်း ၊ အမေရိကန် နိုင်ငံ နိုင်ငံရေးသမား အချို့ ၏ တရုတ် နိုင်ငံ အား ဆန့်ကျင်သော ပြောဆိုမှုများသည် တရုတ် နိုင်ငံ ပြည်သူလူထု နှင့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ အကြား ပိုမိုစည်းလုံးလာစေမည် သာဖြစ်ပြီး တရုတ်လူမျိုးများအား ပြန်လည်နိုးကြားလာစေမည့် တရုတ်အိမ်မက် ကို ကြိုးပမ်း အကောင်အထည်ဖော်စေမည် ဖြစ်ကာ ကမ္ဘာ့နိုင်ငံအသီးသီး ပြည်သူလူထု တို့ အတူတကွ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ကို ထူထောင်နိုင်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.