Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိနှင့် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဋ္ဌ Maria Fernanda Espinosa Garcesတွေ့ဆုံဆွေးနွေး

ပေကျင်း၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Maria Fernanda Espinosa Garceနှင့် သြဂုတ် ၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘက်ပေါင်းစုံပါဝင်ဆောင်ရွက် သည့် သဘောတူညီမှုကို ခိုင်မာအောင်လုပ်ဆောင်သင့်ကြောင်း ၊ ကုလသမဂ္ဂ၏အခွင့်အာဏာနှင့် လုပ်ဆောင်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သလို ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည် ရွယ်ချက်နှင့်စည်းမျဉ်းစည်းကမ်းများကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကိုလည်း ထိန်းသိမ်း စောင့် ရှောက် ရမည် ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ပိုမို ပွင့်လင်းလက်ခံနိုင်မည့် အများ အကျိုးဖြစ်ထွန်းမည့် မျှတသည့်အကျိုးတူစီးပွားရေး ဖြစ်လာစေရန် မြှင့်တင်ဆောင်ရွက်သင့် ကြောင်း၊ ဘက်ပေါင်းစုံက တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်မှုများကို ဆန့်ကျင်ကာ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် ကမ္ဘာ့ပြည်သူများ၏ ဘုံအကျိုးစီးပွား ကို ခိုင်ခိုင်မာမာ ထိန်းသိမ်းကာကွယ် သင့်ကြောင်း ပြောကြားခဲ့သည်။

Maria Fernanda Espinosa Garces က လည်း တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံပူးပေါင်းပါဝင်မှုနှင့် ကုလသမဂ္ဂ၏လုပ်ဆောင်ချက်များကို ထောက်ခံအားပေးခြင်း၊ အရေးပါသော အပြုသဘောဆောင် သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း၊ ခေတ်သစ်ပိုးလမ်းမ ကြီး စီမံကိန်းသည် ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဆောင် သောကြောင့် မိမိ အနေဖြင့် ဆက်လက်အားပေးထောက်ခံသွား ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.