Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး က ကိုရီးယား ကျွန်းဆွယ်အရေး နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တွင် ပြောကြား

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က သြဂုတ်လ ၂ ရက် ၌ စင်ကာပူ နိုင်ငံ တွင် တရုတ်-အာဆီယံ (10 + 1) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက် ပြီးနောက် ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ကို တက်ရောက် ခဲ့ပြီး သတင်းစာရှင်းလင်းပွဲ တွင် တောင်ကိုရီးယား နိုင်ငံ သတင်းထောက် က တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ တို့မှ ကိုးရီးယား ကျွန်းဆွယ် တိုက်ပွဲ ပြီးဆုံးခြင်း ကြေညာ စာတမ်း အား တွန်းအားပေး ထုတ်ပြန်လိုမှု နှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုလိုမှု နှင့် ပတ်သက်၍ သဘောထား အမြင်အား မေးမြန်းခဲ့သည်။

ဝမ်ရိ က ကိုရီးယား ကျွန်းဆွယ် တောင် နှင့် မြောက် နှစ်နိုင်ငံ သည် တူညီသည့် တိုင်းရင်းသားလူမျိုးများ ဖြစ်ကြပြီး ဆွေမျိုးများ ဖြစ်ကြသဖြင့် မည်သည့်ဖက် မှ တိုက်ပွဲ ထပ်မံ ဖြစ်ပွားလိုကြမည် မဟုတ်ကြောင်း ၊ ထို့ကြောင့် ယင်းကဲ့သို့သော တောင်းဆိုမှု နှင့် မျှော်လင့်မှု မျိုးသည် ကျိုးကြောင်းဆီလျော် သည့် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာပေါ်ရှိ့ မည်သည့် နိုင်ငံ မှ ကိုရီးယား ကျွန်းဆွယ်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွား မည် ကို လိုလားကြမည် မဟုတ်ဟု ယူဆကြောင်း ၊ မည်သည့် တစ်ဦးတစ်ယောက် မှ တိုက်ပွဲ မဖြစ်ပွား လိုပါက တိုက်ပွဲ ပြီးဆုံးခြင်း ကြေညာ စာတမ်း ကို ထုတ်ပြန် နိုင်မည် ဖြစ်ပြီး ယင်းမှာလည်း ခေတ်ကာလ အခြေအနေ နှင့် ကိုက်ညီမှု တည်ရှိကာ တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ပြည်သူလူထု တို့၏ အတူတကွ မျှော်လင့်ချက်လည်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ဝမ်ရိ က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ် အား ငြိမ်ချမ်းရေး သဘောတူညီမှု စာချုပ် သို့ ပြောင်းလဲခြင်း မှာ အခြား ကိစ္စရပ် တစ်ခု ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံ အသီးသီး တို့မှ ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ၊ ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပြီး လုပ်ငန်းစဉ် တစ်ရပ် ဖြတ်သန်း ရမည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံ များ အနက် အထူးသဖြင့် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ တို့မှ ယင်းဦးတည်ချက် သို့ လျှောက်လှမ်းရန် ကြိုးပမ်းမှု သည် အားပေးထောက်ခံမှု ပေးအပ်သင့်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.