Connect with us

Politics, Law & Military

တရုတ်-ကမ္ဘောဒီးယား-လာအို-မြန်မာ-ထိုင်း-ဗီယက်နမ် ၆ နိုင်ငံက နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်မှုအား ပူးတွဲတိုက်ဖျက်မည်

ကူမင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့က ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်မှု ပူးတွဲတိုက်ဖျက်ရေး ဝန်ကြီးအဆင့် အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ သိရှိရသည်။ အဆိုပါ ၆ နိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများသည် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု အရေးကိစ္စအား တစ်ဆင့်တိုးပူးတွဲတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သဘောထားအမြင်ချင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြပြီး သဘောတူညီချက်များစွာ ရရှိခဲ့သည်။ယခုအကြိမ် အစည်းအဝေးသည် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် ၆ နိုင်ငံမှ နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုအား အတူတကွတိုက်ဖျက်မှုအတွက် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးအဆင့် ရလဒ်ဖြစ်ပြီး ၆ နိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများက ရလဒ်စာရွက်စာတမ်းများကို အတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက မိတ်ဆက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ထိုင်း-မြန်မာ နယ်စပ်ဒေသကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘက်အသီးသီးက နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုအား ပူးတွဲတိုက်ဖျက်ရေးအတွက် ပြင်းပြသောဆန္ဒကို ဖော်ပြခဲ့ကြပြီး နိုင်ငံစုံ ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုများကို အတူတကွလုပ်ဆောင်သွားရန်၊ ပုံမှန်အသွင် ညှိနှိုင်းဆောင်ရွက်ရေးယန္တရား ထူထောင်ရန်၊ သတင်းအချက်အလက် အတူမျှဝေမှုအား မြှင့်တင်ရန်၊ လိမ်လည်မှုတွင် ပါဝင်ပတ်သက်သောလူပုဂ္ဂိုလ်များ လွှဲပြောင်းပို့ဆောင်ခြင်းလုပ်ငန်းအား ဆက်လက် လုပ်ဆောင်သွားရန်၊ တိုက်ဖျက်ရေးလှုပ်ရှားမှု အရည်အသွေးနှင့် ထိရောက်မှုအား အဆက်မပြတ် မြှင့်တင်ရန်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုအား အတူတကွ ကာကွယ်ထိန်းသိမ်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံအစိုးရက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ရာ ကောင်းမွန်သော ယန္တရားပုံပေါ်လာပြီး သိသာထင်ရှားသော ရလဒ်များ ရရှိခဲ့ကြောင်း သိရသည်။ တိုက်ဖျက်ရေးလှုပ်ရှားမှုများစွာက လောင်းကစား၊ လိမ်လည်မှု ရာဇဝတ်ဂိုဏ်းများအပေါ် အားကောင်းသောဟန့်တားမှု ဖြစ်စေခဲ့သည်။

ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ပိုမိုကြီးမားသောသန္နိဋ္ဌာန်နှင့် အင်အားဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား အဆက်မပြတ် နက်ရှိုင်းစေရန်၊ ပူးတွဲတိုက်ဖျက်ရေး လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင်ဖော်ဆောင်ခြင်းအား စဉ်ဆက်မပြတ် တွန်းအားပေးရန်၊ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုစခန်းများအား ပြတ်သားစွာဖယ်ရှားရန်၊ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများအား အစွမ်းကုန်ရှာဖွေဖမ်းဆီးရန်၊ ပြည်သူလူထု၏ အသက်စည်းစိမ်လုံခြုံရေးအား လက်တွေ့ကာကွယ်ထိန်းသိမ်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)

——————————————
(Chinese Version)
中柬老缅泰越六国将联合打击跨国电信网络诈骗犯罪
新华社昆明11月14日电 记者从公安部获悉,中国、柬埔寨、老挝、缅甸、泰国、越南联合打击电信网络诈骗犯罪部级会议11月14日在云南昆明召开。六国执法部门就进一步联合打击跨国电信网络诈骗犯罪问题深入交换意见,取得一系列共识。
公安部介绍,此次会议是中、柬、老、缅、泰、越六国共同打击跨国电信网络诈骗犯罪执法合作重要阶段性成果,六国执法部门共同签署了成果性文件。各方均表达了联合打击跨国电信网络诈骗犯罪的强烈意愿,表示将共同开展多国联合打击行动,建立常态化协调机制,加强信息共享,持续开展涉诈人员遣返移交工作,不断提升打击质效,共同维护地区安宁。
据了解,近年来,中国政府积极与柬埔寨、老挝、缅甸、泰国、越南等国家开展执法合作,形成了良好机制,取得了显著成效。一系列打击行动对赌诈犯罪集团形成有力震慑。
公安部有关负责人表示,公安机关将以更大的决心和力度,不断深化国际执法合作,持续推动联合打击行动向纵深发展,坚决铲除电信网络诈骗犯罪窝点,全力缉捕犯罪嫌疑人,切实维护人民群众生命财产安全。(完)
图说1:2月20日,随着中国民航包机降落在江苏南京禄口国际机场,缅甸妙瓦底地区的200名中国籍涉诈犯罪嫌疑人,经泰国被我公安机关押解回国。新华社记者 殷刚 摄
图说2:这是2月4日晚从泰国达府湄索拍摄的泰国与缅甸边境地区。新华社发