Connect with us

Politics, Law & Military

ဝမ်ရိက တရုတ်နိုင်ငံဆိုင်ရာ အာဖရိကသမဂ္ဂ (AU) ကိုယ်စားလှယ်သစ်၏ တာဝန် ခန့်အပ်မှုစာကို လက်ခံခဲ့ပြီး အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပေကျင်းမြို့၌ တရုတ်နိုင်ငံဆိုင်ရာ အာဖရိကသမဂ္ဂ (AU) ကိုယ်စားလှယ်သစ် Alhaji Mohamed Sarjoh Bah နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်း၏ ရာထူးတာဝန်ခန့်အပ်လွှာအား လက်ခံနေသည်ကို နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နိုဝင်ဘာ ၄ ရက်တွင် ပေကျင်းမြို့၌ တရုတ်နိုင်ငံဆိုင်ရာ အာဖရိကသမဂ္ဂ (AU) ကိုယ်စားလှယ်သစ် Alhaji Mohamed Sarjoh Bah နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်း၏ ရာထူးတာဝန်ခန့်အပ်လွှာကို လက်ခံခဲ့သည်။ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက Bah တရုတ်နိုင်ငံသို့ လာရောက်၍ ရာထူးတာဝန်အသစ်ထမ်းဆောင်ခြင်းကို ကြိုဆိုခဲ့ပြီး ၂၁ ရာစုသည် တရုတ်-အာဖရိက အရှိန်မြင့်ဖွံ့ဖြိုးတိုးတက်သည့် ခေတ်ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံများကို အာဖရိကဘက်က ထောက်ခံအားပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများနှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေးရလဒ်၊ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသော အာဖရိကနိုင်ငံများမှ ထုတ်ကုန်များအားလုံးအပေါ် ရာနှုန်းပြည့် စည်းကြပ်ခွန်ကင်းလွတ်ခွင့် အစီအမံ လက်တွေ့ဖော်ဆောင်ရန်၊ ခေတ်မီအသွင်ပြောင်းလုပ်ငန်းစဉ် အတူတကွ မြှင့်တင်ရန်၊ ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပေကျင်းမြို့၌ အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး Margus Tsahkna နှင့် နိုဝင်ဘာ ၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

Bah က အာဖရိကသမဂ္ဂ (AU) သည် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော လူသားမျိုးနွယ် အသိုက်အဝန်းအေးအတူပူအမျှ အတွေးအခေါ်နှင့် အရေးကြီးအစီအမံများကို သဘောတူအသိအမှတ်ပြု၍ ထောက်ခံအားပေးကြောင်း၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများမှ ပိုမိုများပြားသော အောင်မြင်မှုအသီးအပွင့်များရရှိရေးအား တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ဝမ်ရိသည် ပေကျင်းမြို့၌ အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး Margus Tsahkna နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် အက်စတိုးနီးယားနိုင်ငံနှင့်အတူ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၃၅ နှစ်ပြည့်အား အခွင့်အလမ်းအဖြစ် သတ်မှတ်ကာ ချစ်ကြည်ရေးအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားပြီး မိတ်ဖက်အနေအထားကို အခိုင်အမာထားရှိရန်၊ အလွှာအသီးသီး ကူးလူးဆက်ဆံမှုကို နီးကပ်စေပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တိုးတက်စေရန်၊ အပြန်အလှန် အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေပြီး လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှု အားကောင်းစေရန်၊ နှစ်ဖက်ဆက်ဆံရေး ရှေ့သို့ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ခိုင်ခံ့စေရန် လုပ်ဆောင်သွားလိုကြောင်း၊ အက်စတိုးနီးယားနိုင်ငံအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး တရုတ်နိုင်ငံအပေါ် ဥရောပဘက်၏ နားလည်သိရှိမှုကို ချိန်ညှိပေးရေးအတွက် တွန်းအားပေးဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Tsahkna က အက်စတိုးနီးယားနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အတိအလင်း အခိုင်အမာ လက်ကိုင်ထားပြီး တရုတ်နိုင်ငံနှင့်အတူ အလွှာအသီးသီးကူးလူးဆက်ဆံရေး အားကောင်းစေရန်၊ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒအား တရုတ်နိုင်ငံ၏ ထောက်ခံအားပေးခြင်းအပေါ် လေးစားတန်ဖိုးထားကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………………….
(Chinese Version)
王毅接受非盟新任驻华代表递交委任书并同爱沙尼亚外长会谈
新华社北京11月4日电 中共中央政治局委员、外交部长王毅4日在北京会见非盟新任驻华代表巴赫并接受其递交委任书。
王毅欢迎巴赫来华履新,表示21世纪应当是中非加快发展振兴的时代。感谢非方支持习近平主席提出的系列全球倡议。中方愿同非方落实好中非合作论坛北京峰会成果和对非洲建交国实施100%税目产品零关税措施,共同推进现代化进程,构建新时代全天候中非命运共同体。
巴赫表示,非盟认同和支持习近平主席提出的人类命运共同体理念和系列重大倡议,愿推动双方合作结出更多硕果。
同日,王毅在北京同爱沙尼亚外长查赫克纳举行会谈。
王毅表示,中方愿同爱方以建交35周年为契机,延续友好传统,坚持伙伴定位,密切各层级交往,增进政治互信,深化互利合作,加强人文交流,巩固双边关系向前向好发展势头。期待爱方发挥建设性作用,推动欧方校准对华认知。
查赫克纳表示,爱方明确坚持和奉行一个中国政策,愿同中方加强各层级交往,推进各领域务实合作。赞赏中方支持多边主义,愿合作应对气候变化等全球性挑战。(完)
图说1:11月4日,中共中央政治局委员、外交部长王毅在北京会见非盟新任驻华代表巴赫并接受其递交委任书。 新华社记者 戴天放 摄
图说2:11月4日,中共中央政治局委员、外交部长王毅在北京同爱沙尼亚外长查赫克纳举行会谈。 新华社记者 戴天放 摄