Connect with us

Politics, Law & Military

ချီလီနိုင်ငံ သမ္မတအဖြစ် Jose Antonio Kast ရွေးကောက်ခံရခြင်းအတွက် တရုတ်နိုင်ငံ ဂုဏ်ပြု

ချီလီနိုင်ငံ မြို့တော်ဆန်ဒီယေဂိုတွင် သမ္မတရွေးကောက်ပွဲ ဒုတိယအဆင့် မဲပေးမှုသို့ ဝင်ရောက်ကြောင်း အတည်ပြုပြီးနောက် အမှာစကားပြောကြားနေသည့် Jose Antonio Kast ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံ သမ္မတအဖြစ် Jose Antonio Kast ရွေးကောက်ခံရခြင်းအတွက် တရုတ်နိုင်ငံက ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ကောကျားခွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ချီလီနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပထမဆုံး သံတမန်ဆက်ဆံရေး ထူထောင်သည့် လက်တင်အမေရိကနိုင်ငံဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၅ နှစ်တာကာလအတွင်း တရုတ်-ချီလီဆက်ဆံရေးသည် အစဉ်အမြဲ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အလားအလာကို ထိန်းသိမ်းထားပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ပြည့်ဝကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ချီလီနိုင်ငံ အစိုးရသစ်နှင့်အတူ ကြိုးပမ်း၍ ကဏ္ဍစုံ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး မြှင့်တင်ခြင်း၊ တရုတ်-ချီလီ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် အဆင့်သစ်သို့ ဝင်ရောက်ရန် တွန်းအားပေးခြင်းတို့ဖြင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————
(Chinese Version)
外交部:中方对卡斯特当选智利总统表示祝贺
新华社北京12月15日电(记者冯歆然、邵艺博)外交部发言人郭嘉昆15日表示,中方对何塞·安东尼奥·卡斯特先生当选智利总统表示祝贺。
郭嘉昆在例行记者会上说,智利是首个同新中国建交的南美国家。建交55年来,中智关系始终保持良好发展势头,各领域合作成果丰硕。中方愿同智利新一届政府共同努力,进一步加强各领域互利友好合作,推动中智全面战略伙伴关系不断迈上新台阶,更好造福两国人民。(完)
图说:这是11月16日,在智利首都圣地亚哥,何塞·安东尼奥·卡斯特在确定进入总统选举第二轮投票后发表讲话。 新华社发