Politics, Law & Military
တရုတ်ဆေးဘက်ဆိုင်ရာထောက်ပံ့အဖွဲ့အစည်းများက နှစ်ပေါင်း ၅၀ အတွင်း မော်ရိုကိုလူနာ ၆.၇ သန်းကျော်အား ပံ့ပိုးပေးနိုင်ခဲ့

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်ဆေးဘက်ဆိုင်ရာထောက်ပံ့ရေး အဖွဲ့အစည်းများက ၁၉၇၅ ခုနှစ်မှစကာ မော်ရိုကိုလူနာ ၆.၇ သန်း ကျော်အား ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း စက်တင်ဘာ ၂၀ ရက်က ရှန်ဟိုင်းမြို့ ၌ ကျင်းပခဲ့သည့် မော်ရိုကိုနိုင်ငံသို့ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်သော နှစ် ၅၀ ပြည့် အခမ်းအနားမှ သိရသည်။မော်ရိုကိုနိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံအစိုးရသည် ၁၉၇၅ ခုနှစ် စက်တင်ဘာလအတွင်းမှ စတင်ကာ မော်ရိုကိုနိုင်ငံ၌ ဆေးဘက်ဆိုင်ရာလုပ်ငန်းများလုပ်ဆောင်ရန် ဆေးအဖွဲ့များအား စတင် စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ လွန်ခဲ့သော ဆယ်စုနှစ် ငါးခုအတွင်း တရုတ်နိုင်ငံက ကျန်းမာရေးဝန်ထမ်းပေါင်း ၂,၀၂၅ ဦးပါဝင်သည့် ဆေးအဖွဲ့ပေါင်း ၁၉၇ ဖွဲ့ကို မော်ရိုကိုနိုင်ငံသို့ စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တရုတ်ဆေးအဖွဲ့များက မော်ရိုကိုဒေသခံဆေးရုံများသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းအသုံးအဆောင်များ လှူဒါန်းပေးခဲ့ကြောင်း၊ စံချိန်စံညွှန်းမီသော ရောဂါရှာဖွေရေးစနစ်နှင့် ကုသမှုနည်းလမ်းများကို ဖော်ထုတ်နိုင်ရန်လည်း ပံ့ပိုးပေးခဲ့ကြောင်း၊ ထို့အတူ နည်းပညာဆိုင်ရာ လေ့ကျင့်ပေးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် မော်ရိုကိုနိုင်ငံ၏ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ရေရှည်တည်တံ့မှုနှင့် လက်လှမ်းမီရရှိနိုင်မှု မြှင့်တင်ခြင်းအား အထောက်အကူပေးခဲ့ကြောင်း သိရသည်။
တရုတ်နှင့် မော်ရိုကို နှစ်နိုင်ငံအကြားတွင် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန်ကူးလူးဖလှယ်ဆောင်ရွက်မှုများအား ပိုမိုနက်ရှိုင်းစွာလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိ ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၏ တာဝန်ရှိသူတစ်ဦးဖြစ်သော Li Juan က ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနား၌ မော်ရိုကိုနိုင်ငံကို အကူအညီပေးမည့် ၁၉၈ ဖွဲ့မြောက် တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့၏ မော်ရိုကိုနိုင်ငံသို့ ထွက်ခွာသည့် အခမ်းအနားကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
—————————-
(English Version)
China medical assistance teams serve 6.7 mln Moroccan patients in 50 yrs
SHANGHAI, Sept. 20 (Xinhua)
Chinese medical assistance teams have provided medical services to 6.7 million Moroccan patients since 1975, according to an event marking the 50th anniversary of China dispatching medical teams to Morocco, held Saturday in Shanghai.
In September 1975, at the invitation of Morocco, the Chinese government started sending medical teams to work in the country. Over the past five decades, China has dispatched a total of 2,025 medical workers in 197 batches to Morocco.
Chinese teams donated medical equipment to local recipient hospitals, supported the establishment of standardized diagnosis and treatment procedures, and conducted training on technologies, thereby contributing to the enhancement of accessibility and sustainability of Moroccan medical services.
Li Juan, an official with the National Health Commission, said China is willing to deepen health cooperation and exchanges between the two countries.
At the event site, a ceremony was held for the departure of the 198th batch of Chinese medical team aiding Morocco. ■
Photo:
Ophthalmologist Jin Xi from the Chinese Medical Team checks the eyes of a child during a free medical treatment activity in Taza, Morocco, Jan. 12, 2023. (Chinese Medical Team in Morocco/Handout via Xinhua)