နန်နင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီး၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်များသည် ထိုင်ဝမ်ရေလက်ကြားနှင့် ထိုင်ဝမ်ကျွန်း မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်တွင် “Joint Sword-2024B” စစ်ရေးလေ့ကျင့်မှုများကို အောက်တိုဘာ ၁၄ ရက်၌ စစ်ရေးလေ့ကျင့်ခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ဝူးလူမုချီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီတွင် ဆဋ္ဌအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဝူးလူမုချီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီတွင် ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး တက်ရောက်လာသော နိုင်ငံတကာမီဒီယာဌာနများစွာမှာ ခေါင်းဆောင်များနှင့် အောက်တိုဘာ ၁၃ ရက်က သီးခြားစီတွေ့ဆုံခဲ့သည်။
မကာအို၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ချန်ဟောက်ဟွေး (Sam Hou Fai) က မဲအပြတ်အသတ်ဖြင့် အောက်တိုဘာ ၁၃ ရက်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီး၏ ဖရီးဂိတ်စစ်ရေယာဉ်စု တစ်စုမှ သင်္ဘောများဖြင့် စုဖွဲ့ထားသော ရေတပ်စစ်ရေယာဉ်စုသည် အရှေ့တရုတ်ပင်လယ်ရှိ နေရာတစ်နေရာ၌ ကျယ်ပြန့်၍ လက်တွေ့ကျသော လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်ဟု အရှေ့ပိုင်းစစ်ဒေသကြီးက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုများက စစ်ရေယာဉ်စု၏...
ဗီယင်ကျန်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အာဆီယံပေါင်းစည်းရေး၊ အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး၊ မဟာဗျူဟာမြောက် သီးခြားလွတ်လပ်မှုကို အစဉ်အမြဲထောက်ခံမည်ဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဆက်ဆံရေးအား ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အောက်တိုဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။ လီက ၂၇...
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကြက်ခြေနီအသင်း (RCSC) ကို အရည်အသွေးမြင့်မြင့် တိုးတက်မှုရှိရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုပေးစွမ်းနိုင်ရန် ပိုမိုတိုးမြှင့်တင်ဆောင်ရွက်ရေးအတွက် တိုက်တွန်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက ပေကျင်းမြို့တွင် အောက်တိုဘာ...
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တူနီးရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ကေးဆာအိထံသို့ အောက်တိုဘာ ၉ ရက်၌ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့် တူနီးရှားနိုင်ငံတို့အနေဖြင့် အစဉ်အလာအားဖြင့် အလွန်လေးနက်သော ချစ်ကြည်ရင်းနှီးမှုကို ရရှိခဲ့သည်ဟု ရှီက အလေးအနက်ပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦး၏...
ဗီယင်ကျန်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က အောက်တိုဘာလ ၉ ရက် ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် ပေကျင်းမြို့မှ ထွက်ခွာခဲ့ပြီး အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ...
ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ထိုင်ဝမ်သီးခြားရပ်တည်ရေးအတွက် ကြိုးပမ်းနေသူများအနေဖြင့် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသော နိုင်ငံများဆီသို့ မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ သွားရောက်ခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်ဝမ်ဒေသ၏ ခေါင်းဆောင်ဟောင်း ချိုက်အင်းဝမ်အနေဖြင့်...